part of pack

ဒေတာအရွယ်အစား 6.99MB

၃၇ မင်းနှင့် ဒီမိုကရေစီ

ရေးသားသူညိုမြ (မောင်သုမန)

0 Ratings
အနှစ်ချုပ်

ပုပ္ပါး၊ ပုပ္ပါး၊ တောင်ပင်တောင် ပုပ္ပါး ငယ်တည့်လေ၊ ပုပ္ပါးတောင်မှာ၊
ပန်းမြတ်စွာ၊ အခါရောက်ချိန်တန်စွလေ၊ အခါရောက်ချိန် နီးခဲ့ပြီလေ။
အခါရောက်ချိန် ထိန်ထိန်လှိုင်ညီ လန်းပါလို့၊ ပန်းစုံညီလေတည့်၊ ပန်းစုံညီ။
ချစ်လှစွာသော ဟောဒီက ဘုန်းကြီးကျောင်းသား အန်ကယ်ကိုသုမန
က အမြဲကလိနေချင်ပါတဲ့ (နဲမိ) ဆိုတဲ့ နတ်ချာတိတ်မကလေးရေ။
ရွှေခြေချင်းကြီးနှင့် သနားစရာ ချစ်စရာ၊ တစ်ကိုယ်လုံး ရွှေလုံးဆင်
လို့ သာနေတတ်ပါတဲ့ ဖြူဖြူဖွေးဖွေး၊ ရွှေဦးလေး သုမနက၊ ယုယပိုက်ထွေး၊
အမြဲမွှေးပြီးရင်း မွှေးမွှေးနေလို့ပါတဲ့ မနဲလေးရေ။
တစ်နေ့က အန်ကယ်တို့လူစု ပုပ်္ပါးကို အလည်ရောက်ခဲ့တယ်။ ငါ့
တူမချောကြီးကို မတွေ့ခဲ့ရပါကလား။ ဘယ်ဝယ်ဘယ်ဆီများ သွားနေလဲ။
ဘယ်ပုခက်ထဲက ကလေးကို သွားပြီး တို့ဆိတ်နေလဲ။ ရှင်နဲမိ ကစားစရာ
အန်ကယ်ယူလာတဲ့ အိုးပုတ်နှင့် ချိုးရုပ်ကလေးတွေကို တွေ့ရင်ပေးလိုက်ပါ
လို့ နောင်ကြီး မဟာဂီရိထံမှာ အပ်နှံထားခဲ့ရသကွယ်။
အန်ကယ်နှင့်အတူ ဘယ်သူတွေ ပါလာလဲ သိလား။ ဖိုးမင်းကျော်
ရဲ့တပည့် ပြန်ကြားရေးဝန်ကြီး ဦးထွန်းဝင်း ပါလာတယ်။ ပါဆို အန်ကယ်
သုမနက သူ့မော်တော်ကားကို ကပ်စီးလိုက်ခဲ့တယ်လေ။
၀န်ကြီး ဖိုးထွန်းဝင်းဟာ ၃၇ မင်းထဲမှာ ဘယ်နတ်နဲ့ တူသလဲ။ သူ
က မဟာဂီရိတို့၊ ဖိုးမင်းကျော်တို့လို ကြီးကြီးမာစတာလည်း မဟုတ်ဘူး။
၀န်ကြီးအဖွဲ့မှာ သူက မကြီးမငယ် မာစတာတစ်ဦးလို့ ဆိုရမှာပေါ့။ ဒါ့ကြောင့်
အန်ကယ့်သဘောမှာ သူဟာ ငါးစီးရှင်နတ်နဲ့ တူတယ်ထင်တယ်။ သူ့မှာ
ပင်းယ သီဟသူရဲ့သား ကျော်စွာမင်းလို ဆင်ဖြူငါးစီး မရှိပါဘူး။ သို့သော်
လည်း ပြန်ကြားရေးဌာနမှာ စုစုပေါင်းမော်တော်ကား ၅ စီးလောက်တော့
ရှိထင်ရဲ့။ သူလည်း ဒါကြောင့် ငါးစီးရှင်တစ်မျိုးပေါ့။

  • စာအုပ်
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 200 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။