part of pack

ဒေတာအရွယ်အစား 27.71MB

၂၁ရာစုအနုပညာကိုနားလည်ခြင်းနှင့်ရေးဖြစ်သောစာစုများ

ရေးသားသူအောင်မြတ်ဌေး

0 Ratings
အနှစ်ချုပ်

နိဒါန်း
စိတ်ရဲ့သာယာမှုဟာရုပ်ပုံတစ်ခုထဲကိုအာရုံဝင်စားသွားရင်းနဲ့ ဖြစ်တည်လာတယ်။ အတွေးအခေါ်ပညာရှင်မီရှယ်ဖူကိုးက ပြောဖူးတယ် “လိင်စိတ်ဆိုတာ ခန္ဓာနဲ့ယှဉ်တဲ့ သာယာမှု ဆိုရင်၊အနုပညာဟာစိတ်နဲ့ယှဉ်တဲ့သာယာမှုတစ်ခုသာ ဖြစ်တယ်၊ ဒါပေမဲ့ အဲဒီသာယာမှုဟာ ပြင်ပကအမြင်လက်ရာတစ်စုံတစ်ခုအတွင်းကို တွေးတောစဉ်းစားပြီးမှ ရိုက်ခတ်ဖြစ်တည်လာတဲ့အခြေနေတစ်ခုအပေါ်မှာမူတည်နေတယ်”တဲ့…။
အနုပညာဆိုတာဟာခုခံချေပမှုသဘော ဆောင်တယ်။ လက်ရာတစ်ခုကိုကောင်း၏ ဆိုး၏ အကဲဖြတ်ဖို့ လူတိုင်းမှာ အခွင့်လမ်းရှိတယ်။ လူတိုင်းနှစ်သက်နေတဲ့ လက်ရာဖြစ်ပေမဲ့လွတ်လပ်စွာ လက်ခံနိုင်သလိုလက်မခံချင်ရင်လည်း ဖြစ်တယ်။
ဒါပြဿနာမဟုတ်ပါဘူး၊အနုပညာဆိုတာလူတွေလိုပဲအလွန်ကွဲပြားခြားနားတတ်တာမို့ပါပဲ။ ဆိုခဲ့တဲ့အတိုင်းအနုပညာဟာခုခံချေပခြင်း ငြင်းဆိုခြင်းတွေရှိတာမို့ မိမိကိုယ်တိုင်ရောအခြားသူနဲ့ပါ ဆွေးနွေးခြင်းအပြန်အလှန်အဖြေရှာခြင်းတွေလုပ်နိုင်ပါ
တယ်။ တစ်ခုပိုကောင်းတဲ့အချက်က ပန်းချီအနုပညာတစ်ခုဟာအပေါင်းသင်းကောင်းတစ်ယောက်လိုစကားစမြည် ပြောလို့ရခြင်းပါပဲ။ကိုယ်သတိမပြုမိတဲ့အရာကို တခြားတစ်ယောက်ကသတိပြုမိတာမျိုး၊ကိုယ်မတွေ့ရှိတဲ့စကားလုံးကိုအစဖော်ပေးတာ
မျိုးပေါ့။အထူးသဖြင့် မော်ဒန်ပန်းချီတွေနဲ့ယနေ့ခေတ်အနုပညာတွေဟာပိုပြီး ဒီအချက်နဲ့ညီပါတယ်။ ဒီကနေ့အနုပညာတွေဟာလူထုအများဆိုင်ရာအချက်လက်တွေကို အခြေခံလာကြတာကြောင့်ပါပဲ။
ဟိတ်ဟန်ကြွယ်ဝတဲ့လုဗ်ပြတိုက်လိုအနုပညာပြခန်းကြီးတွေမှာ၁၉ရာစုက ရေးဆွဲကြတဲ့ပန်းချီတွေ၊ပုံနှိပ်စာအုပ်တွေထဲက အလွန်လက်ရာမြောက်အနုပညာတွေကိုကြည့်ရင် အမျိုးစားတစ်ခုတည်းသော အထက်တန်းလွှာဦးစားပေး ရှေးခေတ် ပညာတတ်လွှာရဲ့သမ္မာကျမ်းစာလာဂန္ထဝင်၊ဒဏ္ဍာရီအခြေခံတွေအများစုဖြစ်နေတာ တွေ့ရမှာပါ။ ဒါကြောင့်လူအားလုံးအလွှာစုံကအတွေးခေါ်အသိတွေဘဝသရုပ်ဖော်တွေကို ကိုယ်စားမပြုနိုင်သလိုလွတ်လပ်တဲ့အတွေးခေါ်တွေလည်း မတွေ့နိုင်ပါ။

  • စာအုပ်
  • အနုပညာနှင့် သရော်စာ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 600 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။