part of pack

ဒေတာအရွယ်အစား 0.21MB

၁၉၃၀ တစ်ဝိုက် မြန်မာနိုင်ငံရေးသမိုင်း

ရေးသားသူသိန်းဖေမြင့်

0 Ratings
အနှစ်ချုပ်

ဒါကြောင့် ဗြိတိသျှ နယ်ချဲ့သမားနှင့် အလိုတော်ရိများ၊ ပြည်သူပြည်သားပါတီခေါ်တဲ့ ၂၁ ဦး ပါတီ။ ဦးချစ်လှိုင် ကြီးမှူးသော ဂျီစီဘီအေ (မြန်မာအသင်းချုပ်ကြီး)၊
သက်ပန်းဆရာတော် သြဝါဒခံ ဦးစိုးသိမ်းကြီးမှူးသော ဂျီစီဘီအေနှင့် ရေဦးဆရာတော်
သြဝါဒခံ ဦးစုကြီးမှူးသော ဂျီစီဘီအေတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို နားလည်ဖို့လိုအပ်တယ်။
ဒါတင်မကသေးဘူး။ မြန်မာ့သမိုင်းကို လေ့လာတဲ့အခါမှာ ကမ္ဘာ့သမိုင်းကိုလည်း အကြမ်းဖျင်းနားလည်ဖို့ လိုသေးတယ်။
ကမ္ဘာ့သမိုင်း နောက်ခံကားချပ်ကြီးကို မြင်ထားရမယ်။
၁၉၃၀ ပြည့်နှစ်တစ်ဝိုက်တုန်းက ကမ်္ဘာ့စီးပွားရေး အခြေအနေ၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေ စသည်များကို အခြေခံမှ
လေ့လာရမယ်။ ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေများဟာ မြန်မာ့စီးပွားရေး၊ နိုင်ငံရေးအခြေအနေများကို
ဂယက်ရိုက်နေလို့ဖြစ်တယ်။
အထူးသဖြင့် မြန်မာနိုင်ငံဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက် ကျရောက်တဲ့အခါမှာ ကမ္ဘာ့အရင်းရှင်စနစ်
သြဇာနယ်ပယ်အတွင်း လုံးဝရောက်သွားခြင်း ဖြစ်သဖြင့် ကမ္ဘာ့စီးပွားရေး အဆောက်အအုံကြီးထဲမှာ တစ်စိတ်တစ်ပိုင်း ဖြစ်သွားတယ်။
ကမ္ဘာ့ဖြစ်ပျက်ရပ်များရဲ့ ဂယက်ရိုက်ခတ်မှုများကို မြန်မာပြည်က မလွှဲမရှောင်သာ ခံစားရတယ်။
၁၉၃၀ ပြည့်နှစ်တစ်ဝိုက် ကမ္ဘာ့ဖြစ်ပျက်ရပ်တွေထဲမှာ အရေးအကြီးဆုံးကတော့ ကမ္ဘာ့စီးပွားရေးကပ်ကြီး ဖြစ်တယ်ဗျာ။

  • စာအုပ်
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 360 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။