part of pack

ဒေတာအရွယ်အစား 9.52MB

မြန်မာပြည်မှ ပန်းချီဆရာများ

ရေးသားသူမိုးမိုးစောဝင်း၊ ကျော်ဖြူစံ

0 Ratings
အနှစ်ချုပ်

(၁)
စိုးနိုင်ကိုဦးအောင်သန်းကျော်နှင့် ဒေါ်တင်နွယ်မိဘနှစ်ပါးမှ၁၉၆၁၊ ဇူလိုင်၂၆တွင်ရန်ကုန်မြို့၌ ဖွားမြင်ခဲ့၏။အဖေကဂုန်နီစက်ရုံ စာရေးဝန်ထမ်း၊အမေက ကျောင်းဆရာမ။ညီအစ်ကို သုံးယောက်ရှိ။စိုးနိုင်ကအကြီးဆုံး။
တောင်ဥက္ကလာပ၊ ကံဘဲ့ဘူတာရုံအနားမှာ နေကြသည်။ ညီအစ်ကိုသုံးယောက်၊ စိုးနိုင်က အကြီးဆုံး။ တောင်ဥက္ကလာ အ.လ.က၄ မှာပညာသင်ခဲ့၏။ ထို့နောက် တောင်ဥက္ကလာ အ.ထ.က၁သို့ ပြောင်းရွှေ့ခဲ့။
ဆယ်တန်းအောင်သည်။ လှိုင်ဒေသကောလိပ်။ ထို့နောက်ရန်ကုန်တက္ကသိုလ်(ပင်မ)။ သူက သတ္တဗေဒဘာသာကိုယူသည်။ ဒေသကောလိပ်မှာတုန်းက ပထမနှစ်မှာ၊ဒုတိယနှစ်မှာ စာမေးပွဲကျရှုံးခဲ့ဖူး၏။
(၂)
စိုးနိုင်သည်ငယ်စဉ်ကတည်းကပင် ကျန်းမာရေးမကောင်းလှ။ သွေးနီဥဆိုင်ရာဟီမိုကလိုဘင်လုပ်ဆောင်မှုချို့ယွင်းခြင်းတစ်မျိုးဖြစ်သော Thalassaemia ရောဂါရှိကြောင်းစမ်းသပ်တွေ့ရှိခဲ့ကြ၏။
သို့သော်စိုးနိုင်သည်ဖန်တီးလိုသောစိတ်ဖြင့် ရှင်သန်ခဲ့၏။
(၃)
စိုးနိုင်သည်ငယ်စဉ်ကပင်ပန်းချီ၊ ပန်းပုကိုဝါသနာထုံခဲ့၏။ ရုပ်ပြရေးသောကိုမင်းသိုက်တို့ထံသွားသည်။ ရုပ်ပြဆရာများသည်လက်မလည်အောင်လုပ်နေကြရ၏။ စိုးနိုင်ရေးချင်သည်မှာပန်းချီ။ ရုပ်ပြတော့မဟုတ်ခဲ့။
ဦးလေးပွကစိုးနိုင်ကိုပန်းချီဆရာကြီး ဦးသိန်းဟန်၏အိမ်သို့ပို့ပေးခဲ့၏။
(၄)
ပန်းချီဆရာကြီးဦးသိန်းဟန်က တောင်ဥက္ကလာပ ၁၀ ရပ်ကွက်တွင်နေသည်။ ပန်းချီပညာသည်ဖြစ်ရုံနှင့် မကျေနပ်ကြနှင့်။ အနုပညာရှင်ဖြစ်အောင်သွားကြရမည်ဟူသော အယူအဆရှိ၏။ စိုးနိုင်တွေ့သော ဦးသိန်းဟန်သည်ဗုဒ္ဓ၏ တရား
တော်မြတ်ကိုနှစ်နှစ်ကာကာယုံကြည်သူတစ်ဦးဖြစ်နေသည်။ ဦးသိန်းဟန်တွင်သားတစ်ယောက်ရှိ၏။ ဘောလုံးကန်သည်။ ဂစ်တာတီးသည်။ စိုးနိုင်ကတော့ ဦးသိန်းဟန်ထံတွင် ပန်းချီသင်ယူသည်။ သက်ငြိမ်ပန်းချီကားများ ရေးရသည်။ အပြင်ထွက်ပြီး ရှုခင်းပန်းချီကား
များလည်း ရေးရ၏။

  • စာအုပ်
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1061 စာအုပ်များ)
ဝယ်ယူသည်။ 800 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။