part of pack

ဒေတာအရွယ်အစား 4.04MB

မြန်မာ့သမိုင်းစဉ်ထဲက အတ္ထုပ္ပတ္တိအဘိဓာန်

ရေးသားသူသန်းထွန်း (မော်လမြိုင်)

0 Ratings
အနှစ်ချုပ်

နိဒါန်း
လူ့သမိုင်း၏ အဖြစ်အပျက်၊ အတက်အဆင်း၊ အတိုးအဆုတ်နှင့် အဟောင်းအသစ်တို့သည် စဉ်ဆက်မပြတ် လည်ပတ်လျက် ရှိနေပေသည်။ ဖြစ်ပျက်ပြုပြင် ပြောင်းလဲခြင်းအစဉ်ဟူသော သင်္ခါရတရားသည် သဘာဝ၏ အချုပ်အခြာ နိယာမတရားတစ်ခုလည်း ဖြစ်ပေသည်။ ကြံုတွေ့ကြရမည်မှာလည်း မလွဲမသွေဖြစ်သည်။ လူတို့၏ ကြံစည်အားထုတ်ခြင်းများသည် လုပ်ငန်းစဉ်အားလုံး၏ ဖြစ်မြောက်အောင်မြင်မှုကို ဦးစီးဦးဆောင်ပြုကြသကဲ့သို့ လူ့သမိုင်း၏ ဖြစ်ပေါ်တိုးတက်ရေးတွင် လူသည် ပဓာန ရှေ့ဆောင် ဖြစ်ပေသည်။ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပုထုဇဉ်လူသားမှန်သမျှ အမှားနှင့် မကင်းကြပေ။ တစ်ခါတစ်ရံ စေတနာအမှားများနှင့် ကြံုတွေ့ရတတ်သည်လည်း ရှိနိုင်ပါသည်။ သို့ဖြစ်ရာ ပို၍ပို၍အမှား ကင်းစင်အောင် အစဉ်သဖြင့် ဝေဖန်သုံးသပ်ကာ ပြုပြင်နိုင်ကြသင့်ပေသည်။ ပို၍ပို၍ ကောင်းမွန်အောင် အစဉ်ကြံဆောင်ကြ ရပေမည်။ သို့မှသာလျှင် မြန်မာလူ့ဘောင်၏ နောင်လာနောက်သား ဖြစ်သော မျိုးဆက်သစ်များအတွက် ကောင်းသောအမွေခံ ပတ်ဝန်းကျင်များကို ပေးဆောင်နိုင်မည် ဖြစ်ပါသည်။ လူ့သမိုင်းကို ခေတ်အဆက်ဆက်တိုင်းတွင် လူတွေကပင် တည်ဆောက်နေကြရမည် ဖြစ်သကဲ့သို့ လူသည်ပင် လူ့လောကကို ကောင်းအောင်ဖန်တီးနိုင်၍ ဆိုးအောင်ဖန်းတီးနိုင်သည့် ပဓာန အခန်းမှာ ပါ၀င်နေရာ ကောင်းသောလုပ်ငန်းစဉ်နှင့် လူသားတို့၏ ကောင်းကျိုးကို ထမ်းဆောင်ခဲ့ကြသော ပုဂ်္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ်္တိများကို လေ့လာမှတ်တမ်းတင်ခြင်းသည်လည်း လူ့ဘောင်သမိုင်း၏ ကဏ္ဍတစ်ရပ်အဖြစ် အရေးပါလာသည်ဟု ယူဆမိပါသည်။

  • စာအုပ်
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1521 စာအုပ်များ)
ဝယ်ယူသည်။ 900 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။