part of pack

Data Size 1.08MB

မြန်မာအစနှင့် ရှေးဟောင်းမြန်မာရာဇဝင်

Byဦးဖိုးလတ်

0 Ratings
Summary

မြန်မာအစ
THE ORIGIN AND ADVENT OF
THE BURMESE RACE
“မြန်မာအစ” ဟူသော အဆိုတွင် ကဏ္ဍနှစ်ရပ်ရှိ၍ အဓိပ်္ပာယ်နှစ်မျိုးနှင့် ပြဿနာနှစ်ချက်လည်း ပေါ်ထွက်လျက်ရှိသည်။ ပထမကဏ္ဍမှာ မြန်မာတို့သည် သီးသန့်လူမျိုး တစ်မျိုး အနေဖြင့် မည်သည့်ဒေသတွင် မည်သည့်ကာလလောက်၌ စတင်ပေါ်ပေါက်လာသည်ဟူသော အစိတ်အပိုင်းဖြစ်၍ ဒုတိယကဏ္ဍမှာ မြန်မာတို့သည် မျက်မှောက် မြန်မာနိုင်ငံတော်အတွင်း မည်သည့်ဒေသတွင် မည်သည့်ကာလလောက်က စတင်ဝင်ရောက်လာ၍ မြို့ရွာပြုစု၊ ထီးနန်းစိုက်ထူ နေထိုင်ခဲ့သည် ဟူသောအစိတ်အပိုင်းဖြစ်သည်။
မြန်မာတို့သည် သီးသန့်လူမျိုးတစ်မျိုးအနေဖြင့် မည်သည့်ဒေသတွင် မည်သည့်ကာလလောက်၌ စတင်ဖြစ်ပေါ်နေထိုင်ခဲ့သည်ဟူသော ပထမကဏ္ဍနှင့်စပ်လျဉ်း၍ ရာဇဝင်သုတေသီတို့ အတွင်း၌ အတိအကျအသေအချာမဟုတ်စေကာ အကျယ်အကြမ်း ခန့်မှန်းချက်ပေးရာဝယ် တစ်ဦးနှင့်တစ်ဦးများစွာ ကွဲလွဲခြင်းမရှိလှဘဲ အာရှတိုက်အလယ်ပိုင်း၊ တရုတ်ပြည်၏ အနောက်မြောက်ဘက်နှင့် တိဗက်ပြည်၏ အရှေ့မြောက်ဘက်စပ်ကြားလောက်ဆီ၌ ခရစ်တော်မပေါ်မီ နှစ်ပေါင်းနှစ်ထောင်စုခန့်လောက်တွင် ဖြစ်သင့်သည်ဟူသော တွေးထင်ယုံကြည်ချက်အပေါ်၌ သဘောကြိုက်ညီလျက်ရှိကြသည်။ ။
သို့ရာတွင် ထိုဒေသကို ညွှန်ပြရာ၌ အချို့က တိဗက်ပြည်အရှေ့မြောက်ဘက်ရှိ “ကိုကိုနော” အိုင်ကြီးတစ်ဝိုက်တွင် ဖြစ်သင့်သည်ဟုဆို၍ အချို့ကလည်း တရုတ်ပြည် အနောက်မြောက်ဘက်ရှိ “ကန်စုနယ်” အတွင်းကျသင့်သည်ဟုဆိုသည်။ ဤသို့ပြဆိုရာ၌ သို့ရာတွင် သေချာခိုင်လုံသော သက်သေအထောက်အထားရှိ၍မဟုတ်၊ တိဗက်မြန်မာအစ မြန်မာနှင့် မွန်ဂို၊ တရုတ်လူမျိုးတို့၏ လှုပ်ရှားနေထိုင်ခဲ့ပုံတို့အပေါ်၌ အကြမ်းဖျင်း တွေးတောဆင်ခြင်မှန်းဆ၍ ရချက်မျှဖြစ်သည်။

  • Books
  • History & Geography
  • Burmese
Subscription Package(read 1527 Books)
Buy 500 KS
Rent100KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package