part of pack

Data Size 1.10MB

မြန်မာရာဇဝင်သမိုင်း

Byဒီဂျီအီးဟော

0 Ratings
Summary

နိဒါန်း—-
ကျွနု်ပ်သည် လေးမျက်နှာမြို့၌ အမျိုးသားကျောင်းအုပ်ကြီးအဖြစ်ဖြင့် လုပ်ကိုင်နေစဉ် အမျိုးသားပညာဝန် ဦးဖိုးကျားသည် ကျောင်း စစ်ဆေးရန်လာခိုက်တွင် စကားလက်ဆုံ ပြောမိကြလေ၏။ ဦးဖိုးကျားက ပြောပြ
သည်မှာ ““သူသည် ဇာတိမာန်တက်ဖို့၊ တိုင်းပြည်အကျိုးရှိဖို့ စာအုပ်များ ရေးသားပါ၏။ ယခုလည်း အလယ်တန်းကျောင်းများတွင် သင်ကြားရန်အတွက် မြန်မာရာဇဝင်ကို ရေးသား၍ ပြီးပါပြီ။ နောက်တွင် ဆယ်တန်းတွင် သင်ကြားဖို့နှင့် ကောလိပ်တွင် သင်ကြားဖို့။ ခေတ်ဆန်သော ရေးနည်းဖြင့် မြန်မာရာဇဝင် ၂ အုပ်ကိုရေးပါဦးမည်။ ၎င်းတို့ကို ရေးပြီးပါက သေလိုလျှင် သေပါစေဟု စိတ်ထားပါကြောင်း””ကို ပြောပြဖူး၏။ ကျွနု်ပ်သည် ဤကဲ့သို့သော မျိုးချစ်ပုဂိ်္ဂုလ်ကြီးအား ချီးမွမ်းမိ၏။ ခေတ်ဆန်သော ရာဇဝင်ရေးနည်းကိုလည်း တွေးတောနေမိ၏။
ခေတ်ဆန်ဖို့ကိစ္စမှာ အနောက်တိုင်းသားတို့၏အပြုအမူ၊ အကြံ ဉာဏ် စသည်တို့ကို အများအပြား အတုခိုး လုပ်နိုင်ပါက ခေတ်ဆန်သည်ဟု ဆိုနိုင်ပေ၏။ ဥပမာ…ခေတ်ဆန်ပြီး ကြည့်ကောင်းအောင်၊ ကိစ္စသိပ်မများ
အောင် အနောက်တိုင်းသား အတုယူကာ ဘိုကေထားကြပေ၏။ ရာဇဝင်ရေးနည်းမှာလည်း အနောက်တိုင်း ရေးနည်းကို နမူနာယူ၍ ရေးပါလျှင် ခေတ်ဆန်သည်ဟု ဆိုနိုင်ပေ၏။ ရာဇဝင်ရေးရာမှာလည်း ရှေးက မင်း၊ မိဖုရား စသည်များသာ အဓိကထား၍ ရေးကြသဖြင့် ရာဇဝင်ဟု တွင်လေ၏။
ယခုခေတ်မှာမူ တိုင်းပြည်တွင်ရှိသော လူတစ်မျိုးလုံးနှင့် ပတ်သက်သည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး၊ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး စသည်တို့ကိုသာ အဓိကထား၍ ရေးလေတော့၏။ အလျင်းသင့်သည့်အခါ၌
သာ ဘုရင့်အကြောင်း ထည့်ရေးတော့၏။ ရာဇဝင်တွင် မှတ်သားစရာ ကောင်းသော မင်းမိဖုရား၊ လူစွမ်းကောင်း အတ္ထုပ္ပတိ်္တတို့ကိုမူ ရာဇဝင်ဝတ္ထု အဖြစ်ဖြင့် သီးခြားရေးကြလေ၏။ အင်္ဂလိပ်ရာဇဝင်တွင် စွမ်းရည်ရှိသော ပထမမြောက် ရစ်ချာ့ဘုရင်၊ လူဆိုးကြီး
ရိုဗင်ဟု စသည်တို့မှာ သီးခြားဝတ္ထုများ၌သာ အကျယ်တဝင့်ပါကြလေ၏။

  • Books
  • History & Geography
  • Burmese
Subscription Package(read 1527 Books)
Buy 600 KS
Rent100KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package