ဒေတာအရွယ်အစား 4.63MB

ဖေ့သည်းချာ မေ့သည်းချာ

ရေးသားသူဒဂုန်ခင်ခင်လေး

0 Ratings
အနှစ်ချုပ်

ရီလေးသည် စျေးချိုတော်သို့ အလိုရှိသော ပစ်္စည်းကလေးများ
၀ယ်ခြမ်းရန် မင်္ဂလာစျေးထိပ်ရှိ ဓာတ်ရထားဆိပ်မှ စောင့်ကာ အဆင်သင့်
ရောက်လာသော ဓာတ်ရထားပေါ်မှ တက်ပြီး နီးရာခုံတန်းတစ်ခုတွင်
၀င်၍ထိုင်လိုက်သည်။ ထိုခဏမှာပင် ဓာတ်ရထားလက်မှတ်ရောင်းသူ
သည် အနီးသို့ရောက်လာ၏။ ရီလေးသည် အကြွေလည်း မပါသဖြင့်
ငါးကျပ်တန်တစ်ရွက်ကိုထုတ်ကာ “စျေးချိုနာရီစင်ထောင့်ကို” ဟု
ပြောလိုက်၏။ လက်မှတ်ရောင်းသူသည် ငါးကျပ်တန်ကို မအမ်းနိုင်
ကြောင်းပြောပြီး ဓာတ်ရထားမထွက်မီ ပြန်ဆင်းလိုကဆင်းနိုင်ရန်
ငွေစက်္ကူကို လက်ကမ်း၍ ပေးသောကြောင့် ရီလေးသည် ထိုင်ရာမှ
ထတော့မည်အပြုတွင် ခုံချင်းယှဉ်လျက်ရှိသောနေရာမှ လူတစ်ယောက်
သည် လက်မှတ်ရောင်းသူကို လက်မှတ်ခစိုက်ပေးပြီး ငွေစက်္ကူကို သူ၏
နာရီအိတ်ထဲသို့ ခပ်တည်တည်ပင် ယူ၍ထည့်ထားလိုက်လေ၏။ ရီလေး
သည် ထိုသူကို အံ့သြစွာ ကြည့်လိုက်ရာမှ ထိုသူ၏ပြုမူပုံကို မြင်ရသော
အခါ သာ၍ အံ့အားသင့်သွားပြန်၏။

  • စာအုပ်
  • အခြား
  • မြန်မာ
ဝယ်ယူမှု ပုံစံ
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။