part of pack

Data Size 72.18MB

ပေါက်ကျော်ဖို့ ပုံ

Byကြည်အေး

0 Ratings
Summary

ရေသူမကလေး

ဥယျာဉ်ထဲမှာ မင်းသမီးကလေးတစ်ယောက်ကို မြေတစ်ကွက်စာ ရကြတယ်။ သဘောရှိသလို စိုက်ပျိုးဖို့ပေါ့။ တစ်ယောက်က ဝေလငါးပုံ အကွက်ရိုက်ပြီး ပန်းပင်စိုက်တယ်။ တစ်ယောက်က ရေသူမပုံ၊ အငယ်ဆုံးကလေးကတော့ နေသဏ္ဌာန်လုံးဝန်းတဲ့ပုံကို
ရွေးချယ်ပြီး စိုက်ပြန်တော့ နေရဲ့အရောင်ကို သူ ထင်မြင်ရှာတဲ့ အနီရောင် ပန်းပွင့်ပင်များမှ စိုက်သတဲ့။ အတော်ဆန်းတယ်ပေါ့။ အင်မတန်အေးချမ်းပြီး သူ့စိတ်ကူးနဲ့ပဲ သူ နေတတ်ပြန်တယ်။ သင်္ဘောပျက်နဲ့ကြံုလို့ ပစ်္စည်းဆန်းကလေးများရရင် တခြားညီမဖော်တွေက ကိုယ်မှာဆင်သလို့မဆုံးဘူး။ သူကတော့ လူသားကျောက်ဆစ်ရုပ်ကလေးပဲ တောင်းခံပြီး သူ့မြေကွက်မှာ စိုက်တည်ထားသတဲ့။ ပြီးတော့ ကျောက်ဖြူရုပ်နံဘေးမှာ နီရဲတဲ့ ကျောက်ခက်ပင်တစ်ပင် စိုက်တယ်။
ကျောက်ခက်ပင်ဟာ တစ်ခဏချင်း ကြီးလာပြီး ခက်လက်များနဲ့ မြေကို လှမ်းပြီး ငြိလေတော့ အမြစ်နုများနဲ့ ဖက်ယမ်းမိတယ်ထင်ရအောင် ခက်လက်များရဲ့ ခရမ်းညို့ရိပ်များဟာ ကစားနေတော့တာပေါ့။
မင်းသမီးလေးဟာ ရေလွှာအပေါ်ဆီက လူသားတွေအကြောင်းများ နားထောင်လို့ မငြီးနိုင်ရှာဘူး။ သင်္ဘောဆောက်ပြီး ပင်လယ်ကူးကြတာတွေ၊ မြို့တည်ပြီး နေထိုင်ကြတာတွေ၊ တိရစ္ဆာန်ကောင်တွေ ခိုင်းစေလို့ နေကြတာတွေကို အဘွားလုပ်သူနားကပ်ပြီး ပြောပြခိုင်းတယ်။ လူ့ပြည်က ပန်းပွင့်တွေဟာ မွှေးကြိုင်တယ်ဆိုတာ သိရတော့ဖြင့် သိပ်သဘောကျနေတော့တာပဲ။
ပင်လယ်ပန်းတွေက ရနံ့မှမရှိဘဲကိုး ကျော်ရဲ့။ ပြီးတော့ သစ်တောတွေဟာ စိမ်းတယ်လားပေါ့။ ရောင်စုံတောက်ပတဲ့ သစ်ခက်ကိုင်းတွေကြားမှာ ငါးတွေ ကလည်း ပျံတယ်လားပေါ့။ အသံကျယ်ကျယ်နဲ့ သီချင်းပီအောင် ဆိုတယ်လားပေါ့။ တကယ်တော့ အဘွားကြီးဆိုလိုတာက ငှက်တွေပါ။

  • Books
  • Others
  • Burmese
Subscription Package(read 1692 Books)
Buy 600 KS 400 KS
Rent100KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package