part of pack

ဒေတာအရွယ်အစား 1.19MB

ဒေါင်းက၍ တွန်စေသတည်း

ရေးသားသူမောင်နွေထက်

0 Ratings
အနှစ်ချုပ်

ဇာတိမာန် ရုပ်ပုံလွှာ
ရွှေတိဂုံစေတီတော်ကြီး၏ ရွှေရောင်များသည် ဝေစည်ပဝင်းနေသည်။ ဆည်းလည်းသံလေးများကား လေထဲတွင် ညံဝေနေသည်။ ရွှေတိဂုံဘုရား၏ တောင်ဘက်မုခ်အဆင်းက ခြင်္သေ့ကြီးနှစ်ကောင်သည် မာန်စောင်လျက်။ ပြန့်ကားစိမ်းဝေသော ကုက်္ကိုပင်ကြီးပေါ်တွင် ကျီးကန်းတစ်အုပ်ကား အုတ်အော်သောင်းတင်း။ ကားကလေးများသည် ရွှေတိဂုံအရှေ့ဘက်မှ ပတ်ကွေ့လာကာ တောင်ဘက် နိုင်လွန်ကတ္တရာလမ်းပေါ်သို့ စီးမျောသွားကြသည်။
မိုးပြာကောင်းကင်သည် “နေ” နှင်းဆီကို ပန်ဆင်လျက်။ ရွှေတိဂုံဘုရား၏ခြေတော်ရင်းမှ ပတ်ကာ အရှေ့မှ အနောက်သို့ ဖြတ်လာခဲ့သည်။ ခြင်္သေ့ကြီးနှစ်ကောင်ကို ကျော်သည်။ ဓမ္မာရုံများရှေ့မှ ဖြတ်လာသော ကျွန်တော်သည် ကျောက်သားဂူဗိမာန်ကြီးကို လှမ်းမြင်လိုက်ရပါသည်။ ဂူကြီး၏တိုင်ကြီးလေးတိုင်ကား မားမားမတ်မတ်။ ကျောက်ဖြူဂူကြီး၏ နဖူးစည်းပေါ်တွင် “ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်” ဟူ၍ ရေးသားထားပါသည်။ စာတန်းသည် ဆေးသားမှိန်ယဲ့ယဲ့။ ဂူ၏ ရင်ခွင်အလယ်တွင် ဆရာကြီး၏ ဂုဏ်အင်္ဂါလေးရပ်ကို သင်္ကေတပြု ထုသွန်းထားသော စာတစ်အုပ်၊ ဒေါင်းတစ်ရုပ်၊ ချိုးတစ်ရုပ်၊ တူတံစဉ်တို့
သည် ကြည်လင်ပီပြင်လျက်။ ကျွန်တော့် နှလုံးသားကို ဖက်ပွေ့လိုက်တော့သည်။ ဆရာကြီး၏ ဂူအဝင်ခြံဝသို့ ခြေချလိုက်လျှင်ပင် အမှတ်မထင် သစ်သားပြားလေးကို တွေ့လိုက်ရသည်။ “သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်”
ဆိုသည့် စာတန်းလေးသည် သစ်သားပြားငယ်ပေါင်တွင် စွန်းပဲ့မှိန်ယဲ့နေပြီ။ သစ်သားပြားလေးကား တစ်ဖက်က မြေတွင် စိုက်လျက်၊ တစ်ဖက်က မိုးသို့ မျှော်လျက်။ ညှိုးခွေနေရှာသော လမ်းလျှောက်ပင်ကလေးများက လွဲ၍
ဆရာကြီး၏ဂူတွင် မည်သည့် ပန်းတစ်ပွင့်မှ မပွင့်နိုင်ရှာကြသေးပေ။

  • စာအုပ်
  • အခြား
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 300 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။