part of pack

ဒေတာအရွယ်အစား 0.52MB

တော်လှန်ရေးဆက်သား ရဲဘော်ကျော်ထင်

ရေးသားသူရဲဘော်စိန်လေး

0 Ratings
အနှစ်ချုပ်

ဗိုလ်မှူးကြီးဗထူး၏ မိန့်ခွန်း
တော်လှန်ရေးမစမီနေ့တစ်နေ့ မန္တလေးမျက်ပါးရပ် အမြောက်တပ်၌ အနောက်မြောက်တိုင်းမှူး ဗိုလ်မှူး ဗိုလ်ဗထူးသည် ရဲဘော်များအားစည်းဝေးစေ၍ အောက်ပါအတိုင်း မိန့်ကြားပေသည်။
“… ရဲဘော်တို့၊ ငါတို့ရဲ့ အရေးတော်ပုံကား နီးကပ်လျက်ရှိနေပြီ။ ငါတို့ဟာ တိုင်းပြည်နှင့်လူမျိုးအတွက် လွတ်လပ်ရေးကြီးကို ရှေးရှုလျက် အသက်သွေးနှင့် ရင်းနှီးခဲ့သော်လည်းလည်း မရခဲ့ဘူး။ တိုင်းသူပြည်သားတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမို ဆင်းရဲမွဲပြာကျပြီး သေတာတွေလည်း သေကုန်ပြီ။
ဗမာပြည်ရှိ သစ်တောကြီးများဟာ ငါတို့ ဗမာလူမျိုး အတွက်ဆိုလျှင် ဖူလုံပြီး နေနိုင်ထိုင်နိုင်တယ်။ ဆန်စပါးဆို လျှင် ၄-၅ နှစ်တိုင် စားနိုင်အောင် ၀ပြောသာယာတယ်။ အဝတ်အစားလည်း ဗမာတွေ အလွန်တိုးတက်နေတယ်။ အမရပူရ၊ မြင်းခြံ၊ မိတ္ထီလာ ဒိစတြိတ်၊ သာစည်နယ် ဟန်ဇားတို့ကထွက်တဲ့ အထည်များဟာ ဗမာပြည်အတွက် ဖူလုံတယ်။
ဒီ…သစ်တော ဆန်စပါး အထည်များ မြင်နေရပေမဲ့ တို့ဗမာတွေကြည့်လိုက်လျှင် တစ်နေ့ထက်တစ်နေ့ အစား ဆင်းရဲ၊ အနေဆင်းရဲ၊ ပိုမိုကျပ်တည်းပြီး ကျဉ်းမြောင်းလာခဲ့ကြပြီ။

  • စာအုပ်
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1061 စာအုပ်များ)
ဝယ်ယူသည်။ 200 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။