part of pack

ဒေတာအရွယ်အစား 1.37MB

ဧကရီ

ရေးသားသူသခင်မြသန်း

0 Ratings
အနှစ်ချုပ်

သူကား ချောမောလှပသော မိန်းမပျိုကလေးဖြစ်၏။ သွယ်လျသော ကိုယ်ခန္ဓာရှိ၍
မတ်မတ်ကလေးနေတတ်သော အလေ့အကျင့်ရှိသောကြောင့် သူ၏ရှိရင်းစွဲ အရပ်အမောင်း
ထက်ပင် ပိုမိုမြင့်မားဟန်ရှိနေ၏။ သူသည် ကြံ့ခိုင်သန်မာသောအသွင်ရှိ၏။ သူ၏ ကြံ့ခိုင်
သန်မာခြင်းသည် ကြမ်းတမ်းခက်မာခြင်းမဟုတ်ပေ။ သူ၏နှာတံက ဖြောင့်တန်း၏။
မျက်ခုံးကောင်း၍ ပါးစပ်ပေါက်မှာ မငယ်လွန်း၊ မသေးလွန်းဘဲ လှပပြေပြစ်သော သဏ္ဌာန်
ရှိ၏။ သူ၏ မဟာအလှသည် သူ့မျက်လုံးမှာ တည်နေသည်။ ရှည်၍ကြီးသော မျက်လုံး
ရှိပြီး ထိုမျက်လုံးတို့သည် ကြည်လွန်းလှပေသည်။ မျက်လုံးထဲဝယ် အဖြူနှင့် အနက်မှာ
ကွဲကွဲပြားပြားပင် ခြားနားနေကြ၏။ ဒီလို လှပခြင်းသည် အကြောင်းမဲ့မဟုတ်ချေ။ အသက်
အရွယ်အားဖြင့် အလွန်ငယ်သေးသော်လည်း သဘာဝစိတ်ဓာတ်နှင့် အသိဉဏ်ပညာကို
ဆောင်ယူထားသည့် လှပတင့်တယ်ခြင်းမျိုးသာလျှင် ဖြစ်ချေသည်။ သူသည် သူ့ကိုယ်သူ
ထိန်းသိမ်းချုပ်ကိုင်နိုင်စွမ်းရှိသူဖြစ်၏။ သူ၏စွမ်းအားသည် နူးညံ့သိမ်မွေ့သော လှုပ်ရှား
ဟန်၊ တည်ငြိမ်သော အမူအကျင့်နှင့် ဣနြေ္ဒတို့တွင် ပေါ်လွင်နေပေသည်။
သူသည် သဲတွေ လွင့်ပါးနေသဖြင့် မှိုင်းပျပျရှိနေသော နံနက်ခင်း၏ ရောင်ခြည်
အောက်မှာပင် သူ့ဘာသူ တိတ်ဆိတ်လျင်မြန်စွာ အဝတ်လဲပြီးလျှင် ကာရံထားသော
ချည်ခန်းဆီးအပြာကို ဖယ်ရှား၍ ခန်းမဆီသို့ ထွက်လာခဲ့လေသည်။ ထိုမှတစ်ဖန် ခန်းမနှင့်
ဆက်စပ်နေသော မီးဖိုဆောင်သို့ ကူးလာ၏။ မြေမီးဖိုပေါ်မှာ တည်ထားသော သံဒယ်အိုး
ကြီးမှ ရေနွေးငွေ့တွေက ထောင်းထောင်းထနေ၏။

  • စာအုပ်
  • အခြား
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 1000 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။