part of pack

ဒေတာအရွယ်အစား 4.74MB

အရှေ့မိုးကောင်းကင်

ရေးသားသူနတ်နွယ်

0 Ratings
အနှစ်ချုပ်

မာရီယာ ဆာဂျီယက်ဗနာ … ကိုယ်လုံးကိုယ်ထည် သေးငယ်၍ သိုးမွေးထည်များ ၀တ်ဆင်ထားသော မာရီယာဆာဂျီယက်ဗနာသည် ဘောလ်တစ်ဘူတာရုံရှေ့သို့ ရောက်သောအခါ လော်ရီကားပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် ဂါ၀န်ပေါ်မှ ရွှံ့ဗွက်များကို တောက်ခါပစ်ပြီး ဓာတ်ရထား မှတ်တိုင်ဆီသို့ လျှောက်သွားလေသည်။
မြို့တွင် သူမ မရှိခဲ့သည်မှာ တစ်လကျော်ပြီ ဖြစ်၏။ အကြောင်းမှာ တင့်ကား ခံတုတ်ကျင်းများ တူးနေရသော ကြောင့် ဖြစ်၏။ ပထမဆုံး ကင်ဂျီဆစ်တိုက်နယ်၊ ထို့နောက် အိုရင်နီယင်ဆန်း၏ တောင်ဘက်၊ ထို့နောက် ဂျာမနီတို့က မီတာဟော့နှင့် စထရယ်နာကို
သိမ်းလိုက်သောအခါ မြို့တော်၏ အပြင်ဘက်အဖျား ဥတ္တရဆိပ်ကမ်းနှင့် လီနင်ဂရက် လက်နှိပ်စက်အလုပ်ရုံအနီးတို့တွင် ဖြစ်၏။ ယင်းအချိန်များကဆိုလျှင် သူမနှင့်တကွ ထောင်ပေါင်းများစွာသော အမျိုးသမီးတို့သည် မီးလောင်ရွာများနှင့် အနင်းချေခံ လယ်များအကြား
၀ယ် တရစပ် ကြဲချပစ်ခတ်နေသော ဗုံးဆန်အမြောက်ဆန်များအောက်ဝယ် အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် မြေကြီးပေါ်ဝယ် အိပ်စက်ခဲ့ကြရပေသည်။ မြို့တွင်းမှ သတင်းဆို၍ မကြားရသလောက် ဖြစ်၏။ မြို့တွင်းမှ သတင်းဆို၍ မကြားရသလောက်ဖြစ်၏။
သို့သော် ဂျာမနီများတွင် မြို့တော်ကို စက်တင်ဘာလဆန်းမှစ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရှေ့တန်း စစ်မျက်နှာပြင်သည် အလွန်နီးကပ်လျက်ရှိကြောင်းကိုတော့ သူမ သိပေသည်။ မိမိပြန်ရောက်သွားသောအခါတွင် မြို့တော်သည် မည်သို့ရှိနေချိမ့်မည်ကို မမှန်းဆတတ်။ သို့ရာတွင် ပြောင်းလဲ၍ နေလေမည်ကား သေချာသည်။ သို့တစေလည်း မြို့တော်သည် ယခင်ကအတိုင်းလိုပင် ရှိနေသည်ကို တွေ့ရ၍ သူမ အံ့သြမိသည်။ ဘူတာရုံအတွင်းမှ ဆိုင်များသည် အရောင်အဆင်း အမျိုးမျိုးသော အဖျော်ယမကာများကို ရောင်းချလျက်ရှိ၏။

  • စာအုပ်
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1520 စာအုပ်များ)
ဝယ်ယူသည်။ 900 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။