part of pack

Data Size 2.62MB

အမှောင်တွေရွာချတဲ့မိုးတိမ်

Byထက်မြတ်နိုင်ဇင်

0 Ratings
Summary

(၁)
ထွန်းတောက်စည်သာက ဟိုတယ်ပေါ်မှ ခပ်ရေးရေးမြင်နေရသော
အနောက်ရိုးမတောင်တန်းတွေဆီသို့ အဝေးသို့ငေးမောကြည့်နေသည်။
““ဘဝဆိုတာ အလွှာအထပ်ထပ် ကာရံထားတဲ့ အဆောက်အဦ
တစ်ခုပဲလား။ အင်း… ငါ့ရင်ထဲမှာကျတော့ မိဘရဲ့မျိုးရိုးဂုဏ်သိက္ခာတွေ…
ဟိုတယ်လုပ်ငန်းစုကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားတဲ့လုပ်ငန်းရှင်သူဌေး
တစ်ယောက်ပီသရမယ့် တည်ငြိမ်မှုတွေနဲ့ အထပ်ထပ်ပိတ်နေလိုက်တာ…။
(လေကို မျက်စိမှိတ်ကာ ရှူသွင်းပြီး) ဟူး… အခုလို မျက်စိတစ်ဆုံးမြင်နေရ
တဲ့ ရှေးဟောင်းမြို့ကြီးရယ်… တောင်တန်းတွေဆီက ဖြတ်သန်းတိုက်ခတ်လာ
တဲ့ လေကို ရှူရှိုက်လိုက်ရတော့မှပဲ ငါ့နှလုံးသားတစ်ခုလုံး ပေါ့ပါးလွတ်လပ်
သွားတော့တာပဲ”” ဟု တစ်ယောက်တည်း တွေးတောနေရင်းက သူ့နှလုံးအိမ်
သည် တဒင်္ဂငြိမ်းချမ်းနေလေ၏။
ရုတ်တရက် “တူ… တူ… တူ” ဖုန်းမြည်သံကြောင့် သူ့အတွေးတို့
ပြတ်တောက်သွားသည်။ ၀င်လာသည့် ဖုန်းကိုကြည့်လိုက်သည့်အခါ သူက
နှစ်လို၀မ်းမြောက်စွာဖြင့် တစ်ချက်ပြံုးလိုက်သည်။ သို့သော် သူ့အမူအရာက
အကျင့်ပါနေသည့်အတိုင်း ပျော့ပြောင်းနူးညံ့မှုမရှိဘဲ လေသံတည်တည်နှင့်
ချက်ချင်းပြန်ထူးလိုက်သည်။
““ဟယ်လို… ပိုးလား…””
““ဟုတ်တယ် အထွန်း… အထွန်း အခုဘယ်မှာလဲ… ရန်ကုန်မှာ
လား… ပုဂံမှာလား…””
““ပုဂံမှာလေ””
““ဟယ်… အခန့်သင့်လိုက်တာ ကြည့်စမ်းပါဦး””
““ဘာလဲ ပိုးက ကိုယ့်ကိုသတိရလို့ ဖုန်းဆက်တာပေါ့လေ””
““အံမယ်… အံမယ်… မတင်စီးစမ်းပါနဲ့ အထွန်းရယ်…။ ဒီဘက်က
သူ့ကို သတိရလို့ ဖုန်းဆက်ရဦးမတဲ့လား…။ ဒီမှာ အလုပ်ကိစ်္စတိုင်ပင်ဖို့
လာခဲ့ ရအောင် အထွန်းဆီဖုန်းဆက်လိုက်တာပါနော်””
““ဟာ အတူတူပဲလေ… အလုပ်ကိစ္စပေါ်လာတယ်။ အဲဒီအလုပ်
ကိစ္စကို ဘယ်သူနဲ့တိုင်ပင်မလဲလို့ စဉ်းစားတဲ့အခါ ပိုး စိတ်ထဲ ကိုယ့်ကိုပဲ
ပြေးမြင်တယ်။ မဟုတ်ဘူးလား၊ အဲဒါ သတိရတာ မဟုတ်လို့ ဘာလဲ…””

  • Books
  • Romance
  • Burmese
Subscription Package(read 1622 Books)
Buy 600 KS
Rent100KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package