part of pack

ဒေတာအရွယ်အစား 2.48MB

အိုဘယ့် … ပုဂံ

ရေးသားသူရွှေကူမေနှင်း

0 Ratings
အနှစ်ချုပ်

ပုဂံရောက်ခဲ့သော အကြိမ်များကမူ တစ်ကြိမ်
နှင့်တစ်ကြိမ် မတူသလို အတူသွားရသည့် ခရီးဖော်
များလည်း ကွဲပြားသည်။ အသက်အရွယ်ကလည်း
ကွာခြားသည်။ ထိုအခါ အတွေးအမြင်များကွာခြားခဲ့
ခြင်းမှာ မဆန်းပေ။ ပုဂံနှင့်ပတ်သက်၍ ကျွန်မတွင်
“အတွေး” များစွာရှိနေခဲ့သည်။ ပုဂံဆိုသည်မှာဆိုပြီး
အနက်အဓိပ္ပာယ်တွေ များစွာဖွင့်နေခဲ့သည်။ အိုဘယ့်
…ချစ်သောပုဂံဆိုပြီး မြတ်နိုးမှုတွေများစွာ သိုမှီးနေ
ခဲ့သည်။ မည်သူတွေ မည်သို့ရေးသားကြပါစေ …
ကျွန်မသည် ထိုသူများနှင့်ကွဲပြားစွာ ပုဂံကို ရေးဖွဲ့ချင်
နေခဲ့သည်။ ပုဂံကို ရေးဖွဲ့လိုစိတ်သည် ကျွန်မနှလုံး
သား၌ အမြစ်တွယ်နေခဲ့တာကြာပြီ။
ကျွန်မအိမ်ဧည့်ခန်း၌ အချို့လူများကဲ့သို့ ဓာတ်ပုံ
များချိတ်ဆွဲထားသော အလေ့အထမရှိပေ။ အိမ်သူ
အိမ်သားများ၏ဓာတ်ပုံများသည် ဧည့်သည်များအား
စိတ်အနှောင့်အယှက်ဖြစ်စေသည် ဟူသော အဆို
တစ်ခုကို ခပ်ငယ်ငယ်ကပင် ကျွန်မဖတ်ဖူးခဲ့၏။ သို့သော်
ခြွင်းချက် တစ်ခုကား ရှိနေသည်။ ထိုခြွင်းချက်မှာ
ကျွန်မအခန်းတွင်း ဓာတ်ပုံဆိုင်က အကြီးဆုံးအရွယ်
ကူးပေးနိုင်သော 10″ x 12″ အရွယ် ပုဂံရှုခင်းပုံ ရှိနေ
ခြင်းပါပဲ။
ဓာတ်ပုံအရောင်က စိမ်းမလိုနှင့် မှိုင်းညို့နေ
သည်။

  • စာအုပ်
  • သမိုင်းနှင့် ဘူမိဘေတ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။