ဒေတာအရွယ်အစား 3.95MB

အိမ်ဖြူတော်ရဲ့ သမ္မတကတော်များ

ရေးသားသူဆောင်းဝင်းလတ်

0 Ratings
အနှစ်ချုပ်

မာသာဒင်းဒရစ်ချ် ကတ်စ်တစ်စ်ဝါရှင်တန် (၁၇၃၁-၁၈၀၂)
“ကျွန်မထင်ပါတယ်။ ကျွန်မဟာ နိုင်ငံတော်ကို အလုပ်အကျွေးပြုပေးဖို့ ရပ်တည်
နေတဲ့ မိန်းမသားတစ်ယောက်ပါ။ ကျွန်မရဲ့စိတ်၊ ကျွန်မရဲ့ဘဝ၊ ကျွန်မရဲ့ခန်္ဓာကိုယ်နဲ့
အမေရိကန်ပြည်ထောင်စုမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေကို ဘယ်လိုမှ ခွဲခြားလို့
ရနိုင်မှာမဟုတ်ပါဘူး” လို့ သမ်္မတကတော် ကတ်စ်တစ်စ်ဝါရှင်တန်က ပြောခဲ့ပါတယ်။
သမ်္မတကြီး ဂျော့ဝါရှင်တန်ဟာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ဖို့ ဧပြီလ ၃၀ ရက်နေ့
၁၇၈၉ ခုနှစ်မှာ နယူးယောက်မြို့တော်ကိုသွားပြီး ရုံးလုပ်ငန်းတွေ ဆောင်ရွက်ကတည်းက
သမ်္မတကြီးရဲ့ကတော်ဟာလည်း ွှငိန ျွှအေနမ ဠငမါငညငေ ှသခငနအပ လို့ခေါ်တဲ့
လူမှုရေးအကျိုးပြု အသင်းအဖွဲ့ကြီးရဲ့ တာဝန်ဝတ်္တရားတွေကို ထမ်းဆောင်ခဲ့ပါတယ်။
အသင်းရဲ့ လူမှုရေးတာဝန်ကိုထမ်းဆောင်ခဲ့တဲ့ သက်တမ်းကာလဟာ ၅၈ နှစ်ကြာမြင့်
တဲ့အထိပါပဲ။
သမ်္မတကတော် ကတ်စ်တစ်စ်ဝါရှင်တန်ကို ဇွန်လ ၂ ရက် ၁၇၃၁ ခုနှစ်မှာ
မွေးဖွားခဲ့ပါတယ်။ မိဘများကတော့ ဂျွန်ဒင်းဒရစ်ချ်နဲ့ ဖရန်စစ်ဒင်း ဒရစ်ချ်တို့ဖြစ်ကြပြီး
သူမဟာ မွေးချင်းများထဲမှာ သမီးအကြီးဆုံးလည်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းကပဲ
ကျောင်းပညာကို လေ့လာဆည်းပူးရင်း အားလပ်ရက်တွေမှာ မိသားစုအတွက် အိမ်ထောင်
ထိန်းသိမ်းမှုကို ၀ိုင်းဝန်းကူညီခဲ့သူပါ။ သူမဟာ ရုပ်ရည်ပြေပြစ်သန့်စင်သလို စိတ်နေ
သဘောထားလည်း ဖြူစင်သူဖြစ်ပါတယ်။ ပထမဆုံး လက်ထပ်ခဲ့တဲ့ အိမ်ထောင်ဖက်ရှိခဲ့
ပါတယ်။ ချမ်းသာကြွယ်ဝသူတစ်ဦးပါ။ မစ်္စတာဒင်နီယယ်လ်ပတ်စ်ကတ်စ်တစ်စ်ဖြစ်ပါ
တယ်။ ၁၇၅၇ ခုနှစ်မှာ ပထမအိမ်ထောင် ကွယ်လွန်အနိစ်္စရောက်ခဲ့ပါတယ်။

  • စာအုပ်
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • မြန်မာ
ဝယ်ယူမှု ပုံစံ
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။