
အလုပ်အကိုင်အင်္ဂလိပ်စာ
အနှစ်ချုပ်
ဆရာဇာနည်(My Way)ရဲ့ “အလုပ်အကိုင် အင်္ဂလိပ်စာ” စာအုပ်ကို အခွင့်အလမ်းစာအုပ်တိုက်ကနေ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီစာအုပ်မှာ လစာနှင့်ခံစားခွင့်များအကြောင်း၊ ဈေးကွက်ဖော်ဆောင်ခြင်းများအကြောင်း၊ အရောင်းမြှင့်တင်ခြင်းအကြောင်း၊ ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုများအကြောင်း၊ ဆွေးနွေးတင်ပြခြင်း၊ အစည်းအဝေးစတဲ့ လုပ်ငန်းခွင်အတွင်းက အကြောင်းအရာပေါင်းများစွာကို ဖော်ပြထားပါတယ်။ ဆောင်းပါးပေါင်း ၄၉ပုဒ်ပါဝင်ပါတယ်။
လုပ်ငန်းခွင်ဝင်နေသူများ၊ လုပ်ငန်းခွင်ထဲက အကြီးအကဲခေါင်းဆောင်များပါ ဖတ်ရှုသင့်တဲ့ စီးပွားရေးသုံး အင်္ဂလိပ်စကားလုံးတွေ၊ လုပ်ငန်းခွင်သုံး စကားလုံးတွေပါဝင်ပါတယ်။
ဒီစာအုပ်မှာပါဝင်တဲ့ ဆောင်းပါးများက ကိန်းဘရစ်ချ်တက္ကသိုလ်စာအုပ်တိုက်မှ ထုတ်ဝေတဲ့ Bill Mascull ရဲ့ “usiness vocabulary in use” သင်ခန်းစာများကို ပင်မအခြေခံထားခြင်းဖြစ်တယ် လို့ စာရေးသူက အမှာစာရေးသားထားပါတယ်။
- စာအုပ်
- စီးပွားရေးနှင့် အလုပ်အကိုင်
- မြန်မာ