part of pack

ဒေတာအရွယ်အစား 3.05MB

အမရပူရဒေသ၊ အမရပူရခေတ်၊ အမရပူရလွှတ်တော်နှင့် အခြားသုတေသနဆောင်းပါးများ

ရေးသားသူကိုပညာ(အမရပူရ)

0 Ratings
အနှစ်ချုပ်

အမရပူရဒေသတစ်ဝိုက် ကျောက်ခေတ်လူသားတို့နေရာ
လွန်ခဲ့သော ၆၇ ခု အောက်တိုဘာလထဲတွင် ရှေးဟောင်း သုတေသနဌာန သို့ ရောက်ခဲ့၏။ ဌာနတွင် ကျောက်တော်ကြီးဘုရားမှ နံရံပန်းချီ၊ ရွှေစာရံဦးကုလားဘုရားမှ နံရံပန်းချီ၊ ရွှေကူသာဘုရားမှ နံရံပန်းချီများ ပြသထားသည်ဟု ကြားသိရသဖြင့် ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုပန်းချီကားများနှင့်အတူ ဟန်လင်းမှ တူးဖော်ရရှိ ထားသည့် ပစ္စည်းများကိုပါ ပြသထားသည်ကို တွေ့ရသည်။ လူရိုးနှင့် အိုးခွက် စသော ပျူခေတ်သုံးပစ္စည်း များကို ကြည့်ရှုရ၏။ တစ်နေရာတွင် မြင်ဖူးတွေ့ဖူးသော ပစ္စည်းကလေး ၂ ခုကို ဟန်လင်းပစ္စည်းများထဲမှာတွေ့မြင်ရသည်၊ ထိုပစ္စည်း ၂ ခုမှာ “မိုးကြိုးသွား” ဟု ခေါ်သော ကျောက်ခဲကလေးများ ဖြစ်လေသည်။ “ဟင် မိုးကြိုးသွားလေး” ဟု ပါးစပ်မှ ထွက်သွားမိသည်။ ထိုအချိန်တွင် အမှုထမ်းတစ်ဦး အနားသို့ရောက်လာ၏။
ဤကျောက်ခဲကလေးများသည် မိုးကြိုးသွားများမဟုတ်၊ ကျောက်ခေတ်လူသားများ သုံးစွဲကိုင်ဆောင်ခဲ့သော ကျောက်လက်နက်များ ဖြစ်သည်ဟု ရှင်းပြသည်။ စာရေးသူက တောင်သမန်အင်းအနီးတွင် ဤ ကျောက်လက်နက်များ မကြာခဏတွေ့ရကြောင်း ပြန်ပြောပြ၏။ သူသည် ၀မ်းမြောက်သည့်အမူအရာနှင့် ထိုပစ္စည်း များတွေ့လျှင် တွေ့သည့်နေရာပါ မှတ်သား၍ ရှေးဟောင်းဌာနသို့ အကြောင်းကြားပါရန် ကျောက်လက်နက်များကိုလည်း လှူဒါန်းပါရန် မေတ္တာရပ်ခံလိုက်သည်။
ထိုအမှုထမ်း ပြောပြလိုက်သဖြင့် ကျောက်လက်နက်အကြောင်းကို သိချင်လာသည်။ ထို့ကြောင့် ကျောက်လက်နက်နှင့်ပတ်သက်သော စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုရတော့သည်။

  • စာအုပ်
  • သမိုင်းနှင့် ဘူမိဘေတ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1692 စာအုပ်များ)
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။