part of pack

Data Size 3.49MB

အင်းစိန်မှတ်တမ်း

Byရွှေကူမေနှင်း

0 Ratings
Summary

နိဒါန်း
အင်းစိန်အကျဉ်းထောင်ကြီး၌ နေထိုင်ခဲ့ရသော ကာလအတွင်း အတွေ့အကြံုများကို “အင်းစိန်မှတ်တမ်း” အဖြစ်ရေးရာ၌၊ ကျွန်မတွင် အခက်အခဲများစွာ တွေ့ရပါသည်။
အထဲမှာနေရစဉ်ကတော့ အပြင်ရောက်လျှင် ရေးချလိုက်မည်ဟု ဟန်တပြင်ပြင်။ အံတခဲခဲ။ တကယ်တမ်း အပြင်ရောက်သောအခါ၌မူ ရုတ်တရက် ချရေး၍ မရပေ။ အကြီးမားဆုံး အခက်အခဲမှာ ဘယ်လိုတင်ပြ
နည်းဖြင့် ရေးရမည်လဲဆိုတာ အဆုံးအဖြတ်ဖြစ်၏။
အသင့်တော်ဆုံး ဥပမာပြရလျှင် အိမ်ရှင်မတစ်ယောက်သည် ငွေကြေး အလျှံပယ်ကိုင်ပြီး စျေးသွားသည်။ စျေးမှာ တွေ့သမျှ၊ ကောင်းပေ့ ညွန့် ပေ့များကို ၀ယ်ခဲ့၏။ ကြက်သား၊ ၀က်သား၊ ဆိတ်သား၊ ငါး၊ ပုစွန်
စသဖြင့် စုံတကာစေ့အောင်ပါခဲ့၏။ အိမ်ရောက်သောအခါ စျေးခြင်းကြီးကို ချလိုက်ပြီး ပါလာသည်များကိုကြည့်ကာ ဘာကိုစ၍ကိုင်ရမှန်း မသိဖြစ်နေလေ၏။ ဘာနှင့်တွဲပြီး ချက်ရမလဲ။ အကောင်းတွေချည်း စုချက်၍လည်း မဖြစ်။ နေ့ဖို့ညစာထား၍ ဘာကိုအရင် ချက်ရကောင်းမလဲဟု စဉ်းစားနေ ၏။ ဤအတိုင်း ကျွန်မဖြစ်နေလေသည်။
အဖြစ်အပျက်များ ကာရိုက်တာခေါ် လူ့စရိုက်များ၊ ထူးထူးဆန်းဆန်း အကြောင်းအရာများ၊ စိတ်ခံစားချက်များ၊ ဇာတ်ကွက် ဇာတ်လမ်းများ၊
အားလုံး ရေးချင်စရာချည်း ဖြစ်နေလေသည်။
နောက်တစ်ခုမှာ တင်ပြပုံ (Presentation) ဖြစ်၏။ ကျွန်မ တစ်သက်လုံး ရေးလာခဲ့သော “ကျွန်မ” ရေးနည်း (First Person)) ဖြင့် ရေးမလား။ သည်လိုရေးလျှင် ကိုယ်ကျွမ်းကျင်သော ကိစ္စမို့ လွယ်ကူမည်ဖြစ်သော်လည်း ဇာတ်ကောင်အားလုံး၏ အတွင်းစိတ်နှင့် စိတ်ခံစားချက်ကို ဖော်ထုတ်ရာ၌ကား အားနည်းပေလိမ့်မည်။ ထို့ကြောင့် ထို “ကျွန်မရေးနည်း”ကို ပယ်လိုက်၏။
အားလုံးနှံ့စပ်အောင် ရေးမည်ဆိုလျှင် Third Person ခေါ် သုံးဖက်မြင်ရေးနည်း (သို့မဟုတ်) အကုန်သိရေးနည်းဖြင့် ရေးရမည်။
ထိုနည်းကား ခက်၏။ ဇာတ်ကောင်အားလုံးအကြောင်း ရေးရာ၌ တစ်ဦးချင်းအနားသို့ ချဉ်းကပ်ကာ လိပ်ပြာချင်းပူးမှ ရေးနိုင်မည်ဖြစ်၏။ ဤရေးနည်းကို ကျွန်မ မကျွမ်းချေ။ သို့သော် ဤရေးနည်းကသာ မှတ်တမ်းကို ပီပြင်စွာ ဖော်ထုတ်နိုင်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် ဤရေးနည်းကို သုံးရန် ဆုံးဖြတ်ပါသည်။

  • Books
  • Politics & Social Sciences
  • Burmese
Subscription Package(read 1527 Books)
Buy 600 KS
Rent100KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package