part of pack

ဒေတာအရွယ်အစား 3.49MB

အင်းစိန်မှတ်တမ်း

ရေးသားသူရွှေကူမေနှင်း

0 Ratings
အနှစ်ချုပ်

အင်းစိန်အကျဉ်းထောင်ကြီး၌ နေထိုင်ခဲ့ရသော ကာလအတွင်း
အတွေ့အကြုံများကို “အင်းစိန်မှတ်တမ်း” အဖြစ်ရေးရာ၌၊ ကျွန်မတွင်
အခက်အခဲများစွာ တွေ့ရပါသည်။
အထဲမှာနေရစဉ်ကတော့ အပြင်ရောက်လျှင် ရေးချလိုက်မည်ဟု
ဟန်တပြင်ပြင်။ အံတခဲခဲ။ တကယ်တမ်း အပြင်ရောက်သောအခါ၌မူ
ရုတ်တရက် ချရေး၍ မရပေ။ အကြီးမားဆုံး အခက်အခဲမှာ ဘယ်လိုတင်ပြ
နည်းဖြင့် ရေးရမည်လဲဆိုတာ အဆုံးအဖြတ်ဖြစ်၏။
အသင့်တော်ဆုံး ဥပမာပြရလျှင် အိမ်ရှင်မတစ်ယောက်သည်
ငွေကြေး အလျှံပယ်ကိုင်ပြီး စျေးသွားသည်။ စျေးမှာ တွေ့သမျှ၊ ကောင်းပေ့
ညွန့် ပေ့များကို ၀ယ်ခဲ့၏။ ကြက်သား၊ ၀က်သား၊ ဆိတ်သား၊ ငါး၊ ပုစွန်
စသဖြင့် စုံတကာစေ့အောင်ပါခဲ့၏။ အိမ်ရောက်သောအခါ စျေးခြင်းကြီးကို
ချလိုက်ပြီး ပါလာသည်များကိုကြည့်ကာ ဘာကိုစ၍ကိုင်ရမှန်း မသိဖြစ်နေ
လေ၏။ ဘာနှင့်တွဲပြီး ချက်ရမလဲ။ အကောင်းတွေချည်း စုချက်၍လည်း
မဖြစ်။ နေ့ဖို့ညစာထား၍ ဘာကိုအရင် ချက်ရကောင်းမလဲဟု စဉ်းစားနေ
၏။ ဤအတိုင်း ကျွန်မဖြစ်နေလေသည်။
အဖြစ်အပျက်များ ကာရိုက်တာခေါ် လူ့စရိုက်များ၊ ထူးထူးဆန်းဆန်း
အကြောင်းအရာများ၊ စိတ်ခံစားချက်များ၊ ဇာတ်ကွက် ဇာတ်လမ်းများ၊
အားလုံး ရေးချင်စရာချည်း ဖြစ်နေလေသည်။

  • စာအုပ်
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1659 စာအုပ်များ)
ဝယ်ယူသည်။ 600 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။