part of pack

ဒေတာအရွယ်အစား 0.86MB

အကြီးအကဲလက်စွဲ

ရေးသားသူအမျိုးသားစာပေဆုရ ဦးမောင်မောင်

0 Ratings
အနှစ်ချုပ်

အကြီးအကဲဟူသည် တစ်ပါးသူတို့ထက် ကြီးသူ၊ လွန်ကဲသူဟူ၍ အဓိပ္ပာယ်
ထွက်ပါသည်။ တစ်ပါးသူတို့ထက် ကြီးရာ၊ ကဲရာ၌လည်း မကောင်းမှုဘက်၌
ကြီးခြင်း၊ လွန်ကဲခြင်း မဟုတ်မူဘဲ လူလူချင်း အခြားသူတို့ထက် လုပ်ငန်းတာဝန်အရ
ကြီးကဲသူ ဟူ၍ ဆိုလိုပါသည်။ လူတို့၏ အကြီးအကဲ ဟူ၍ ဆိုလိုပါသည်။
လုပ်ငန်းအဖွဲ့အစည်း၏ အကြီးအကဲ ဟူ၍ ဆိုလိုပါသည်။ လုပ်ငန်း အဖွဲ့အစည်းတွင်
အဓိကနေရာမှနေ၍ တာဝန်ယူ ဆောင်ရွက်ရသူ ထိပ်တန်းတာဝန်ခံ ဟူ၍ ဆိုလိုပါ
သည်။
သို့ဖြစ်လေရာ အကြင်သူသည် မိမိ၏ လုပ်ငန်းအဖွဲ့အစည်းတွင် အခြားသူများ
အပေါ် ခေါင်းဆောင်မှုပေးကာ မိမိက ဦးဆောင်ဦးရွက်ပြုပြီး မိမိ၏ အဖွဲ့သား
လူငယ်များအား ကြီးကြပ်ကွပ်ကဲ စီမံခန့်ခွဲရပါက ထိုသူသည် အကြီးအကဲမည်ပေ၏။
သို့အလျောက် အကြီးအကဲများကို မိမိတို့ တစ်ဦးချင်းအနေဖြင့် မိမိတို့၏
အိမ်ထောင်၊ ကျောင်းစာသင်ခန်း၊ လုပ်ငန်းခွင်၊ အသင်းအဖွဲ့ စသည့် လူစုလူဝေးတိုင်းတွင် တွေ့ရပေလိမ့်မည်။
လူစုလူဝေးဟုခေါ်ရမည့် လူနှစ်ယောက်နှင့် အထက် ရှိလာပါက တစ်ဦးဦး
သည် အကြီးအကဲ ဖြစ်လာပေတော့၏။ မိမိ၏ အိမ်တွင် ဖခင်သည် လည်းကောင်း၊
ကျောင်းစာသင်ခန်းတွင် အတန်းပိုင်ဆရာသည် လည်းကောင်း၊ လုပ်ငန်းခွင်တွင်
သက်ဆိုင်ရာ တာဝန်ခံသည် လည်းကောင်း၊ လုပ်ငန်းအဖွဲ့အစည်းတွင်လည်း သက်ဆိုင်
ရာ ခေါင်းဆောင်သည် လည်းကောင်း အသီးသီးသော အကြီးအကဲများ ဖြစ်ကြပါသည်။
ထို့ကြောင့် အကြီးအကဲဟူသည်မှာ လူတစ်စုတွင် ထိပ်ပိုင်းမှနေကာ တာဝန်ယူ
ဆောင်ရွက်ရသော ပုဂ်္ဂိုလ် ဟူ၍ အကြမ်းအားဖြင့် ဆိုရပေလိမ့်မည်။

  • စာအုပ်
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 720 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။