part of pack

ဒေတာအရွယ်အစား 0.46MB

ဟီရိုရှီးမား (အဏုမြူဗုံးဒဏ်သင့်ခဲ့ပုံ ဖြစ်ရပ်စုံ)

ရေးသားသူစိုးမြိုင်(မြန်မာပြန်)

0 Ratings
အနှစ်ချုပ်

တိယကမ္ဘာစစ်ကြီး၏ ဇာတ်သိမ်းပိုင်းကာလ။
၁၉၄၅ ခု သြဂုတ်လ ၆ ရက်နေ့ နံနက် ၈း၁၅ နာရီ။
ကမ္ဘာသူ ကမ္ဘာသားတို့၏ အတွေ့အကြုံ၌ ပထမဦးဆုံးသော အဏု
မြူဗုံးကြီး၏ ဒဏ်ကို ဟီရိုရှီးမား မြို့သူမြို့သားတို့ ပွဲဦးထွက်အနေဖြင့်
ခံစားလိုက်ကြရလေသည်။ တစ်နည်းအားဖြင့် ဟီရိုရှီးမား တစ်မြို့လုံး မီး
လောင်တိုက် အသွင်းခံရခြင်း ဟူ၍လည်း ဆိုနိုင်ပါ၏။
ဟီရိုရှီးမားသည် ဂျပန်ပြည်၏ အဓိက ကျွန်းကြီးလေးကျွန်းအနက်
အကြီးဆုံးဖြစ်သော ဟွန်ရှူးကျွန်းပေါ်တွင် တည်ရှိပြီး ကုန်းတွင်းပင်လယ်
၏ ဆိပ်ကမ်းမြို့ ဖြစ်သည်။ လူဦးရေ ၃၆၀၈၀၈ ရှိခဲ့သည်။
ထိုနံနက်က ဟီရိုရှီးမားမြို့တွင် ရာသီဥတု သာယာကောင်းမွန်နေ
သည်မို့ နာရီပိုင်းအတွင်း လောကငရဲသို့ ကျရောက်ရတော့မည့်အဖြစ်ကို
မြို့သူမြို့သားတို့ မမှန်းဆမိကြပေ။ သို့သော် သေမင်းတမန် ဗုံးကြီးကို
တင်ဆောင်လာသော ဘီ-၂၉ လေယာဉ်ပျံကြီးသည် အခြားသော လေယာဉ်
ပျံများ လိုက်ပါခြံရံလျက် နံနက် ၂း၄၅ နာရီကပင် မာရီယာနာကျွန်းမှ
ထွက်ခွာပျံသန်းလာနေပြီ ဖြစ်သည်။ ယင်းဗုံးကြဲလေယာဉ်ပျံကြီးကို မောင်း
နှင်လာသူကား အမေရိကန် လေတပ်မှ ဗိုလ်မှူးကြီး ပေါလ်ဒဗလျူ တစ်
ဘက်ဆိုသူတည်း။

  • စာအုပ်
  • သမိုင်းနှင့် ဘူမိဘေတ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 600 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။