part of pack

ဒေတာအရွယ်အစား 1.20MB

သံတိုင်ကြားက ဘဝများ

ရေးသားသူထက်မြက်

0 Ratings
အနှစ်ချုပ်

ထောင်ဘဝ

ထောင်အကြောင်း ရေးသောစာရေးဆရာများနှင့်စာအုပ်များတွင် လူထုဦးလှ၏ “လှောင်ချိုင့်တွင်းမှငှက်ငယ်များ”၊ “ထောင်နှင့် လူသား”၊ “စစ်၊ အချစ်နှင့် ထောင်”စသောစာအုပ်အများအပြားမှာ အလွန်ထင်ရှားခဲ့ပါသည်။ ပုဒ်မ၅ ဖြင့်ပါလီမန်ဒီမိုကရေစီခေတ်
က အထိန်းသိမ်းခံရစဉ် နိုင်ငံရေးအကျဉ်းသားတစ်ယောက်အဖြစ် ရရှိသည့်နိုင်ငံရေး အကျဉ်းသား အခွင့်အရေးအရ ထောင်ထဲတွင် ထောင်ကျများ၏အကြောင်းကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသား(Political Prisoner) ကိုစာနယ်ဇင်းများက တင်စားသောအနေဖြင့်Prisoner of Conscience ယုံကြည်ချက်အတွက် အကျဉ်းကျခံရသူဟု ရေးသားတတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ နိုင်ငံရေးအကျဉ်းသားပင် ဖြစ်၏။ ယုံကြည်ချက်အတွက် အကျဉ်းကျခံရသူဟု နာမည်ပြောင်းခေါ်ခြင်းမဟုတ်၊ ပါလီမန်ဒီမိုကရေစီခေတ်စတင်ကတည်းက ထိုဝေါဟာရ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ နိုင်ငံရေးအရမတူ၊ သဘောထားကွဲပြားခြင်း၊အာဏာရနိုင်ငံရေး ခေါင်းဆောင်တစ်ဦး (သို့မဟုတ်) နိုင်ငံရေး ပါတီတစ်ရပ် (သို့မဟုတ်) အာဏာသိမ်းအဖွဲ့အစည်းတစ်ခု (သို့မဟုတ်) အာဏာသိမ်းစစ်တပ်တို့ကိုဆန့်ကျင်သော တစ်နည်းအားဖြင့်ထိုအာဏာသိမ်းအစိုးရကို ပြုတ်ကျရန် ဖယ်ရှားရန် ဆန့်ကျင်မှုပြုသူကို နိုင်ငံရေး အကျဉ်းသားဟု ခေါ်ဆိုခဲ့သည်မှာ ရာစုနှစ်နှင့်ချီ၍ရှိလာခဲ့ပါပြီ။ပဒေသရာဇ်ခေတ်က မင်းတစ်မင်းကို ပုန်ကန်ပြီး နန်းရယူစဉ်ကလည်း နိုင်ငံရေးအကျဉ်းသားဟု ဝေါဟာရမရှိခဲ့သော်လည်းပုန်ကန်သူ၊သူပုန်ဟုအမည်ပေးခဲ့သည်။ ထိုသည်မှာလည်းအာဏာလွန်ဆွဲပွဲ ပြဿနာနှင့်နိုင်ငံရေးအရ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ခြင်းမှ စတင်ခဲ့ပါသည်။ ဖြုတ်ချခံရပြီး ထောင်သွင်းအကျဉ်းချခံရသူဘုရင်နှင့် (သို့မဟုတ်) မင်းသားနှင့်သူ၏ နောက်လိုက်နောက်ပါများမှာနိုင်ငံရေးအကျဉ်းသားများပင် ဖြစ်ပေသည်။

  • စာအုပ်
  • နိုင်ငံရေးနှင့် လူမှုသိပ္ပံ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1659 စာအုပ်များ)
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။