part of pack

ဒေတာအရွယ်အစား 0.63MB

သောင်ပြင်ပေါ်ပုံဆွဲခြင်း

ရေးသားသူမောင်လင်းရိပ်

0 Ratings
အနှစ်ချုပ်

စကားဦး

သောင်ပြင်ပေါ် ပုံဆွဲခြင်းနဲ့ဆက်လျက် အတ္တထုပ္ပတ်စွန်းစက်ရင်းဆိုတာကို ဖြည့်စွက်ဖို့တွေးမိတယ်။ ဒါမှ ပိုပြီးပြည့်စုံမှာပေါ့။ ကိုယ်တွေ့ကိုယ်ကြုံတွေကိုတော့ ဟိုနားဒီနား ထည့်ဆွဲဖြစ်မိတာကိုး။ ကျန်တာကတော့ ထိုးဇာတ်တွေပေါ့၊
ဒီဇိုင်းတွေပေါ့၊ စိတ်ကူးစိတ်သန်းတွေပေါ့။ ဒါပေမဲ့ စိတ်စေတနာကိုတော့ မူရင်းဖြစ်အောင် ကြိုးစားရတာပါ။ ကိုယ့်ရဲ့ သညာစေတသိက်တွေအတိုင်းလည်း ဖြစ်နိုင်။ တစ်ခါတလေကျတော့လည်း ဘယ်သူများ ဝင်ရေးလေသလဲ။
နတ်ဒေဝီဖျားတာတွေကလည်း အရေးကြီးတဲ့အခါ ရှိချင်လည်း ရှိ။ ဒီလောက်ကျယ်ပြောတဲ့ သောင်ပြင်ကြီးကို ရတာကိုပဲ ကျေးဇူးတင်စရာ အခွင့်အခါလို့ အောက်မေ့မိပါရဲ့။ ကျွန်တော့်ရဲ့ ရည်ရွယ်ရင်းက တစ်စုံတစ်ရာ အရာ
ထင်ခြင်းလည်း ပါချင်ပါမယ်။ မနေနိုင် မထိုင်နိုင် တွန်မိပုံလည်း ပါချင်ပါမယ်။ ဆွဲထားတဲ့ပုံမှာ ပါလာနိုင်ဖွယ် “သောဘဏ”အလှက ကျွန်တော့်ကိုယ်တိုင်ကို ကျေနပ်ပျော်ရွှင်စေနိုင်သလို ကြည့်သူကို ချမ်းသာမှုကလေး စိုးစဉ်းမျှ
ဖြစ်စေပေးနိုင်ရင်လည်း ဝမ်းသာစရာပဲ။ ဓမ္မနဲ့ မေတ္တာတို့ ဟိန်းသံထွက်လာနိုင်မလား တတ်စွမ်းသမျှ ကြိမ်နှုန်းတွေကို ညှိယူပြီး ဟပ်ကြည့်လိုက်တာမျိုးလည်း လုပ်ကြည့်ဖို့ ရည်သန်ပါတယ်။ အစွန်းအစက်တွေအတွက် အားနာမိပါ
ကြောင်းနဲ့ အဲဒီ အက်ရာသဲ့သဲ့တွေကပဲ မတူခြားနားတဲ့ သရုပ်နဲ့ စိတ်ဝင်စားစရာ ဖြစ်ကောင်းဖို့ကိုလည်း မရဲတရဲ မျှော်လင့်ပါကြောင်း။
ချစ်ခင်လေးစားစွာ
မ၊ လ၊ ရိပ်
၂၀၁၇၊ အောက်တိုဘာ ၃၁

  • စာအုပ်
  • ကဗျာ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။