part of pack

ဒေတာအရွယ်အစား 1.30MB

သုတရိပ်မြိုင် စာဂနိုင်

ရေးသားသူပိဋကတ်တိုက်မှူးဦးညွှန့်မောင်

0 Ratings
အနှစ်ချုပ်

ယခု ရှင်မဟာအရိယဝံသ၏ ဆုံးမစာကား လင်္ကာသွားမဟုတ်၊
စကားပြေဆုံးမစာ ဖြစ်သည်။ ၎င်းပြင် တစ်နိုင်ငံလုံးကို မရည်ရွယ်၊
အဓိကအားဖြင့် မိမိ၏ အရိယဝံသချောင်နေ ရဟန်းသာမဏေများကိုသာ
ရည်ညွှန်း၍ စည်းကမ်းသဘောမျိုး ပညတ်ထားသော ဆုံးမစာဖြစ်ပါသည်။
ဤသို့ ဆုံးမစာချင်း ခြားနားမှုရှိပါသည်။
ရှင်မဟာအရိယဝံသကို ကျမ်းတတ်၊ ကျမ်းပြု အကျော်ဟူသော
ပရိယတ္တိ ဝိသာရဒဂုဏ်အနေဖြင့်သာ လူသိများခဲ့ပါသည်။ သို့ရာတွင်
ရှင်မဟာအရိယဝံသသည် စာပေကျမ်းဂန် ထူးချွန်ပြောင်မြောက်ရုံသာ
မဟုတ်ပါ။ ဝိနည်းတော်ကို လေးစားခြင်း ဝိနယဂရုကဂုဏ်နှင့် ဝိဝေက
သုခကို လွန်စွာ ခုံမင်သော သမထ ဝိပဿနာ ဟူသည့် ပဋိပတ္တိမာမကဂုဏ်နှင့်
လည်း ပြည့်စုံကြောင်းတို့ကို အောက်ပါစကားပြေ ဆုံးမစာကို ကြည့်ခြင်း
ဖြင့် ကြည်ညိုဖွယ်ရာ သိရှိနိုင်ကြပါသည်။
ရှင်မဟာအရိယဝံသ၏ ဆုံးမစကားမှာ အောက်ပါအတိုင်း ဖြစ်ပါ
သည်။
မမဝစနံ စိရံ တိဋ္ဌတု သာသနေ။ ဘုန်းကြီးအရိယဝံသ မဟာထေရ်
ကား တပည့်သားတော်တို့အား ဤသို့လျှင် ဆုံးမတော်မူသတည်း။
“မိုးသောက်အောင် မအိပ်ခြင်း၊ ညဥ့်ကထ၍ သန့်သက်ရေထား
ခြင်း၊ တံမြက်လှည်းခြင်း၊ တံမြက်ချေးကျုံးခြင်း၊ ရေဆောင်ခြင်း၊ တံပူ
(ဒန်ပူ)ကပ်ခြင်း၊ နံနက် နေ့ညဥ့် အိပ်ရာနေရာထုတ်ခြင်း, ခါခြင်း,
ခင်းခြင်း၊ ဇာကို အားထုတ်သင်ခြင်း (“ဇာ”ဆိုသည်မှာ သင်အံသောစာကို
ဆိုလိုသည်)၊

  • စာအုပ်
  • သုတစာပေ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1608 စာအုပ်များ)
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။