part of pack

ဒေတာအရွယ်အစား 0.82MB

သုည

ရေးသားသူမင်းခိုက်စိုးစန်

0 Ratings
အနှစ်ချုပ်

တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ ဆရာဦးလှဆင့်က ကျူရှင်၏ အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင် စေတနာပါသော၊ အသင်အပြကောင်းသည့် ဆရာတစ်ယောက်ဖြစ်သောကြောင့် ကျောင်းသူကျောင်းသားအားလုံးက သူ့ုကို လေးစားရိုသေကြ၏။
ဆရာဦးလှဆင့်က အတန်းရှေ့တွင် ရပ်လိုက်ပြီး လက်ထဲမှဘောဖျက်၏ သစ်သားအနှောင့်ဖြင့် ကျောက်သင်ပုန်းကို တဒုန်းဒုန်းခေါက်လိုက်၏။ ထို့နောက်…
“ကဲ… ငါ့ကျူရှင်ကို နာမည်ဖျက်နေတဲ့ ဒီအတန်းထဲက ဟိုမိစ္ဆာနှစ်ကောင်… ထစမ်း”
ဆရာဦးလှဆင့်စကားက အတန်းနောက်ဆုံးခုံတွင် ထိုင်နေသော “ချမ်း”နှင့် “ဒီဝိုင်း”တို့နှစ်ယောက်ကို ရည်ညွှန်းမှန်း အားလုံးက သိလိုက်သောကြောင့် ရှေ့တွင်ထိုင်နေကြသော ကျောင်းသားအားလုံးက သူတို့နှစ်ယောက်ရှိရာ နောက်ဆုံးခုံတန်းဆီသို့
လည်ပြန်နောက်လှည့် ကြည့်ကြ၏။ ချမ်းနှင့်ဒီဝိုင်းကလည်း ခပ်တည်တည်ပင် (သူများတွေနောက်လှည့်ကြည့်သလို) သူတို့၏နောက်ဘက်ဆီ ခေါင်းလှည့်ကြည့်လိုက်ကြ၏။
သူတို့၏နောက်ကျောဘက်တွင်တော့ အုတ်နံရံသာရှိသည်။ “ဟိုနှစ်ကောင်… မင်းတို့ကလွဲပြီး ဘယ်သူများ ရှိသေးလို့ နောက်လှည့်ကြည့်နေရတာလဲ၊ ထစမ်း… မင်းတို့ကိုပြောနေတာ” အရင်ဆုံး ဒီဝိုင်းက ရွံ့ဆုတ်ရွံ့ဆုတ်ဖြင့် ထရပ်လိုက်ပြီး-
“ကျွန်တော်က မိစ္ဆာမဟုတ်ဘူးဆရာ၊ ကျွန်တော့်နာမည်က ဒီဝိုင်း (DIVINE) DIVINE ဆိုတာ တန်ခိုးရှိတာ၊ “နတ်”လို့ပြောတာ၊ ဟောဒီကောင်နာမည်က “ချမ်း”၊ ချမ်း ဆိုတာ “မှင်စာ”လို့ အဓိပ္ပာယ်ရတယ်၊ ဒီကောင်ကမှ တကယ့်မကောင်းဆိုးရွား… ဆရာ၊ ဒီကောင့်ကိုပဲ နာနာရိုက်ပါ ဆရာ”

  • စာအုပ်
  • အခြား
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1568 စာအုပ်များ)
ဝယ်ယူသည်။ 600 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။