part of pack

ဒေတာအရွယ်အစား 0.62MB

သဇင်သင်းပြန်တော့ (ရုပ်ရှင်၊ ဂီတ၊ စာပေသမိုင်း၊ စာပေရေးရာ၊ စာအုပ်နှင့် အနာဂတ်စိတ်ကူး)

ရေးသားသူဒဂုန်တာရာ

0 Ratings
အနှစ်ချုပ်

စာပေသမိုင်းကဏ္ဍမှ “ယနေ့မြန်မာစာပေ” မှာ ကျွန်တော်ထောင်
က လွတ်သည့် နှစ် ၁၉၆၇-၌ စတင်ရေးသော အခန်းဆက်ဆောင်းပါး
အစုအဝေးဖြစ်သည်။ ၁၉၆၈ အထိရေးသည်။ ခေတ်ပေါ်မြန်မာစာပေ
သမိုင်း၏ နိဒါန်းမျှသာ ရှိသေးသည်။ စာပေဝေါဟာရများ၏ အနက်
ကို ရှင်းလင်းဖော်ပြရုံသာရှိသေးသည်။ ဆက်၍ မရေးဖြစ်သဖြင့် ပြည့်စုံ
ခြင်း မရှိဟု ဆိုရပေမည်။ ကျွန်တော်ထောင်ထဲတွင်ရောက်ရှိနေသော
၁၉၆၃ မှ ၁၉၆၇ ကာလရှိ မြန်မာစာပေအခြေအနေကိုလည်း ကျွန်တော်
ကောင်းစွာ မသိပေ။ မဂ္ဂဇင်းများသာ ဖတ်ခဲ့ရသည်။ လုံးချင်း ဝတ္ထုများ၊
ကဗျာများ မဖတ်ခဲ့ရပေ။ “လူကြိုက်များသောစာပေ” အကြောင်းရေးရာ၌
ယေဘုယျသဘော၊ ၁၉၆၉ အထိ ဖြစ်ပေါ်တိုးတက်နေပုံကိုသာ သုံးသပ်
ထားခြင်း ဖြစ်သည်။ ယခုအခါ စုန်း၊ ကဝေ၊ တစ္ဆေ၊ ဝတ္ထုများ မရှိတော့ပေ။
ယင်းအစား ၁၉၆၉ သည်ဘက်၌ လျှို့ဝှက်သည်းဖို စုံထောက်များ၊
အပစ်အခတ် အသတ်အပုတ်နှင့် လိင်ဖွဲ့နွဲ့မှုများက ပိုကဲလာသည်။
ဂျိမ်းစ်ဘွန်းသြဇာများ ဝင်နေသည်။ မြန်မာပြည်၌ မဖြစ်သောအရာ
များကိုသာ ရေးနေကြသည်။ ယင်းအချက်တို့ကို ဖြည့်စွက်ပေးရပေ
မည်။ “ယနေ့မြန်မာစာပေ” အခန်း၌ ဝတ္ထုများအကြောင်းကိုသာ ဆိုလို
ရင်း ဖြစ်သည်။ ကဗျာဖြစ်ပေါ် တိုးတက်မှုမပါပေ။

  • စာအုပ်
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1608 စာအုပ်များ)
ဝယ်ယူသည်။ 1000 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။