part of pack

ဒေတာအရွယ်အစား 0.37MB

သင့်ဦးနှောက်က တီထွင်ဖန်တီးနိုင်ပါတယ်

ရေးသားသူဇေရတု (မြန်မာပြန်)

0 Ratings
အနှစ်ချုပ်

ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို ကျဉ်းမြောင်းသွားတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ ကျွန်ုပ်တို့နေထိုင်နေကြတာပါ။
ဒီလို လူ့အဖွဲ့အစည်းကြီးမှာ ကုန်ပစ်္စည်းတွေ၊ ဝန်ဆောင်မှုတွေဟာ တစ်ခုနဲ့တစ်ခု ခွဲခြားရခက်လောက်အောင် ပိုပိုပြီး
တူညီလာနေပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နည်းပညာနဲ့နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို အရင်ကထက်
လွယ်လွယ် ပေါပေါရလာပါပြီ။ နှစ်ဆယ်ရာစုမှာ အထူးတန်ဖိုးထားရှာမှီးရတဲ့ အသိပညာ အများအပြားဟာ အခုတော့
ပြောပလောက်တဲ့အရာတွေ မဟုတ်တော့ဘူး။ ဒီနေ့ကမ္ဘာမှာ အကောင်းတကာ့ အကောင်းဆုံးဖြစ်ဖို့ဆိုရင် စီးပွားရေး
လုပ်ငန်းတွေ၊ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေကို လိုအပ်ပါတယ်။ လူမှုရေး၊
စီးပွားရေး၊ ပညာရေးနဲ့ စက်မှုလုပ်ငန်း နယ်ပယ်မှာ အကြီးမားဆုံး အပြောင်းအလဲကို လုပ်ဆောင်နိုင်တဲ့ လူတွေဟာ
မျှဝေခံစားတတ်တဲ့၊ ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေသာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ နားလည်သလောက်ကတော့ အကျိုးသင့် အကြောင်းသင့် တွေးခေါ်မှုကို လိုပါတယ်။ ဒါပေမဲ့ မလုံလောက်သေးပါဘူး။
အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက တစ်ဖက်သားနဲ့ (အလုပ်အပ်သူ၊ လုပ်ဖော်ကိုင်ဖက်၊ ပါတနာစသဖြင့်) မျှဝေခံစားပေးတတ်တဲ့လူတွေ၊
တစ်ဖက်သားရဲ့ အလိုဆန်္ဒတွေ၊ စိတ်သောကတွေ အကြောင်းကို နားလည်မှု ပိုထားတတ်တဲ့လူတွေ၊ တီထွင်ဉဏ်ရှိပြီး မတူကွဲပြားတဲ့
ဝန်ဆောင်မှု (သို့မဟုတ်) ထုတ်ကုန်နဲ့ သာလွန်ကောင်းမွန်တဲ့ အတွေ့အကြုံမျိုးပေးစွမ်းနိုင်တဲ့ လူတွေကိုပဲ ခန့်ထားချင်ကြ
တာပါ။ ဒါပေမဲ့ ဒီလိုလူမျိုးတွေက ကျွန်ုပ်တို့လူ့အဖွဲ့အစည်းမှာ ရှားပါးနေပါပြီ။

  • စာအုပ်
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1608 စာအုပ်များ)
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။