part of pack

Data Size 9.99MB

သခင်လေးမောင် ၏ သခင်လေးမောင်

Byသခင်လေးမောင်

0 Ratings
Summary

နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ တစ်ဆက်တည်း ဆင်နွှဲလာခဲ့သည့် အတွေ့အကြံုများကား ခေတ်သစ်ကမ္ဘာ့လူသား အဆင့်မီရေး ပြန်လည်ချီတက်ကြသည့် အမျိုးသား လှုပ်ရှားမှုကြီးတွင် အရေးပါသော ဗဟုသုတမှတ်တမ်းဟု ဆိုရမည်။ နိုင်ငံရေးကား နှစ်အဆက်ဆက် လူ့အသက်ပေါင်းများစွာ
စတေးအရင်းတည်နိုင်ပါမှ အသင့်အတင့် တိုးတက်ပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့ရာ ယနေ့ “လွတ်လပ်ပြီ” ဆိုသော အခြေအနေ၌သည်ပင်လျှင် ပြည်သူလူထုများအဖို့ စိတ်ချကျေနပ်လောက်သည့် နိုင်ငံရေးမျိုး မဖွံ့ဖြိုးနိုင်သေးဘဲ ရှိနေခြင်းမှာ
ကြီးမားသော လက်ငင်းအမျိုးသားပြဿနာ ဖြစ်လေသည်။
နိုင်ငံရေး တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွင် တစ်စတစ်စ (Evolution) ခေါ် ပြောင်းလဲခြင်းနှင့် အခြေခံမှစ၍ တစ်မုဟုတ်ချင်း ခုန်ပေါက်ပြောင်းလဲသည့် (Revolution) ခေါ် တော်လှန်ပြောင်းလဲခြင်းဟူ၍ နှစ်မျိုးရှိရာ ယခုအခါ မြန်မာပြည်တွင် အထွေထွေအရပ်ရပ် ပြည်တွင်းပြည်အခြေအနေ၏
တောင်းဆိုချက်အရ တော်လှန်ပြောင်းလဲသောနည်းဖြင့် ဆိုရှယ်လစ်နိုင်ငံ ထူထောင်နိုင်ကြလျှင် မျက်မှောက်ရင်ဆိုင်နေရသည့် အမျိုးသားပြဿနာများ ပြေလည်ရမည်ဟု တိုးတက်သော အယူအဆရှိသူတိုင်း သဘောပေါက် နားလည်ကြသည်။

  • Books
  • Biography & Autography
  • Burmese
Subscription Package(read 1603 Books)
Buy 500 KS
Rent100KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package