part of pack

Data Size 13.10MB

လှပနုပျိုကျန်းမာစေမယ့် ယောဂနည်းများ

Byယောဂနန်းဖောင်း

0 Ratings
Summary

ယောဂကျင့်စဉ် နေ့စဉ်လေ့ကျင့်ခြင်းကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများ ပျောက်ကင်းသွားပြီး အသားအရေ စိုပြေဝင်းပတောက်ပြောင်နုပျိုလာခြင်းသည်လည်း ယောဂ အစွမ်းပါလို့ ငြင်းပယ်လို့ မရပါဘူး။
ဒါ့အပြင် စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနှယ်မှု၊ လူ့အဖွဲ့အစည်းမှ ဝေးရာကို ရှောင်ခွာထွက်ပြေးချင် လောက် ခံစားမှုဝေဒနာများအတွက် ယောဂကျင့်စဉ်ဟာ သင့်အတွက် ဆေးကောင်းတလက်ပါလို့ ယုံကြည်စေချင်ပါတယ် လူမှုရေးအဖုံဖုံ၊ ယှဉ်ပြိုင်လှုပ်ရှားနေရတဲ့ ဒီခေတ်ကြီးမှာ စိတ်ဖိစီးမှု အနဲအများတော့ မကင်းကြပါဘူး။ စိတ်ဖိစီးမှု လျော့ချပေးပြီး ခန္ဓာကိုယ်စွမ်းအင်နဲ့ ခုခံအား စနစ် မြှင့်တင်ပေးပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက် ဓာတ်တွေကို ဖယ်ရှားပေးပါတယ်။ ကြွက်သားတွေ ဖြေလျော့ပေးလို့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ လျော့ပါးစေတယ်။ မိမိကိုယ်ကို ယုံကြည်မှု ပိုမိုရရှိစေပါတယ်။
ဤစာအုပ်ကလေးသည် သင့်ရဲ့ ပြီးပြည့်စုံပြီး ကျန်းမာပျော်ရွှင်တဲ့ ခရီးလမ်းလျှောက်နိုင်ဖို့ အဓိက ယောဂကျင့်စဉ် (Asana) အမျိုးမျိုး စုစည်းဖော်ပြပေးထားပါတယ်။ ခေတ်ရဲ့ ဘက်ပေါင်းစုံမှ စိတ်ဖိစီးမှုတွေကို အံတုရင်း ယောဂကျင့်စဉ်ကို စတင်လေ့လာလိုက်စားလေ့ကျင့်ခြင်းအားဖြင့် ကျန်းမာရွှင်လန်းပြီး အောင်မြင်မှုရရှိတဲ့ ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

  • Books
  • Sports & Health
  • Burmese
Subscription Package(read 1645 Books)
Buy 1800 KS
Rent300KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package