part of pack

ဒေတာအရွယ်အစား 2.97MB

လူတော်လူကောင်း

ရေးသားသူလှသမိန်

0 Ratings
အနှစ်ချုပ်

နိဒါန်း
လူသည် ရည်မှန်းချက်နှင့် ရှေ့ဆောင်တီထွင်တတ်မှုအားဖြင့် တိရစ္ဆာန်ဘဝထက် ထူးကဲသာလွန်၏။ ထိုစကားကို တစ်နည်းပြန်၍ရေး
သော် လူဟူက ရည်မှန်းချက်နှင့် ရှေ့ဆောင်တီထွင်မှုရှိရသည်ဟူ၍ပင်ရေးရပေမည်။
လူ၏ရည်မှန်းချက်တွင် လူတော်လူကောင်းဖြစ်လိုခြင်းသည် အကြီးမားဆုံးသော အာသာဆန်္ဒဖြစ်၏။ ထိုဆန္ဒကိုခြံရံလျက် ကြီးပွားလို
ခြင်း၊ ထင်ပေါ်လိုခြင်း၊ စည်းစိမ်ခံစားလိုခြင်း၊ စိုးမိုးလိုခြင်းစသော ဆန္ဒ အထွေထွေတို့သည် ပေါ်ထွန်းကြကုန်၏။ ထိုထိုသော ဆန်္ဒတို့သည်
လူတော်လူကောင်းဖြစ်နိုင်မှုကို အခြေတည်၍ ပွားစည်းခိုင်ဖြီးရမြဲဖြစ်ပေသည်။ လူတစ်ယောက်အဖို့ လူတော်လူကောင်းဖြစ်နိုင်ရေးတွင် ပတ်ဝန်း
ကျင်နှင့် အခြားရုပ်ဝတ်္ထုတို့က လမ်းသွယ်ပေးနိုင်စေကာမူ ပဓာနကြိုးပမ်းမှုအပိုင်းတွင် ကာယကံရှင်လူသား၏သိနားလည်မှုနှင့် ကြိုးပမ်းမှု
တို့သည် အခြေခံဖြစ်လေသည်။ ကြိုးပမ်းမှုသည် သိနားလည်မှုနောက်မှ ထက်ကြပ်လိုက်ရမြဲ အစူအစဉ်ဖြစ်၏။ ထို့ကြောင့် တရားကိုယ်တစ်ရပ်
လုံးကို ကောက်ချက်ချသည်ရှိသော် လူတော်လူကောင်းဖြစ်လိုကဖြစ်အောင်ကျင့်ဆောင်ရမည်ဖြစ်၍ ထိုသို့ကျင့်ဆောင်ရန် လူတော်
လူကောင်း၏သရုပ်ကို သိနားလည်ထားရန် လိုသည်ဟူ၍ပင် အဖြေထွက်ပေမည်။
သိနားလည်ရေးတွင် သိနိုင်သော နည်းအမျိုးမျိုး ရှိ၏။ မိမိ ကိုယ်တိုင်လေ့လာစူးစမ်းမှုဖြင့်လည်း သိ၏။ ဘဝအတွေ့အကြံုတို့မှ
ကောက်ချက်ချ၍လည်း သိ၏။ ဝေဖန်ပိုင်းခြား၍ပြထားသော စာတမ်း တစ်စောင်တစ်ဖွဲ့မှာလည်း သိ၏။ ဤသို့ သိရာသိကြောင်းလမ်းစတို့တွင်
လူတိုင်းသည် လူ့လောကနှင့် လူ့ဘဝကို လေ့လာစူးစမ်းရန် မလွယ်ကူသည်လည်း ရှိ၏။ အချိန်မရသည်လည်း ရှိ၏။ အမြင်မပေါက်သည်
လည်း ရှိ၏။ ဝေဖန်ဘဝအတွေ့အကြံုတို့မှ ကောက်ချက်ချရာ၌လည်းနှောင်းမှ ရိပ်မိသော သင်ခန်းစာအသိတရားများ ဖြစ်နေတတ်၏။

  • စာအုပ်
  • ဖက်ရှင်
  • မြန်မာ
  • အဆင့်သတ်မှတ်ချက် 1st တွင်ဆင့်သတ်မှတ်ချက် ဖက်ရှင်
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။