part of pack

Data Size 1.03MB

လူငယ်တို့ သိကောင်းစရာ

Byဦးနု

0 Ratings
Summary

သွေးစုပ်စနစ် အမြစ်တွယ်ပြီ
အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် သစ်လုပ်
ငန်းများကို ဘုံဘေဘားမားကုမ္ပဏီက တိုးချဲ့လုပ်ကိုင်လာလေသည်။
ပြည်တွင်းရေကြောင်း သွားလာမှုလုပ်ငန်းကို အစိုးရတို့အကူအညီဖြင့်
ဧရာဝတီကုမ္ပဏီက လက်ဝါးကြီးအုပ်လေတော့သည်။
ရန်ကုန်နှင့်ပြည် ရထားလမ်းကို ၁၈၇၇ ခုနှစ်တွင် စတင်ဖွင့်လှစ်
၍ ရန်ကုန်တောင်ငူ မီးရထားလမ်းကို ၁၈၆၉ ခုနှစ်တွင် စတင်ဖွင့်လှစ်
လေသည်။
အင်္ဂလိပ်အစိုးရတို့သည် စီးပွားရေးဈေးကွက်ကို အဓိကထားသော
အစိုးရဖြစ်သဖြင့် ငွေပင်ငွေရင်းမြှုပ်နှံရန်၊ လွတ်လပ်စွာကူးသန်းရောင်း
ဝယ်ခွင့်ရရန် နည်းလမ်းများကို အစဉ်ရှာဖွေလေသည်။ မင်းတုန်းမင်း
တရားကြီးလက်ထက်မှစ၍ အင်္ဂလိပ်ကုန်သည်၊ ကုလားကုန်သည်တို့
သည် အထက်မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်
သည်သာမက အထက်မြန်မာနိုင်ငံကိုဖြတ်၍ အိနိ္ဒယပြည်နှင့် တရုတ်
ပြည်များသို့တိုင်အောင် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်ကြလေသည်။
ကုန်သည်များအဖို့ လွယ်ကူစေရန် ရန်ကုန်မြို့တွင် ၁၈၆၂ ခုနှစ်က
ပင် ဘဏ်တိုက်များ စတင်ဖွင့်လှစ်လေသည်။ ဘင်္ဂလားဘဏ်၊ သြစ
တြေးလျဘဏ်၊ တရုတ်ချားတားဘဏ်နှင့် အခြားဥရောပတိုက်သားပိုင်
ဘဏ်တိုက်ခွဲများ စတင်ဖွင့်လှစ်ကာ ကုန်သည်များအား ငွေထုတ်ချေးနေ
လေသည်။

  • Books
  • Nonfiction
  • Burmese
Subscription Package(read 1603 Books)
Buy 700 KS
Rent200KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package