part of pack

ဒေတာအရွယ်အစား 3.83MB

ရှင်စောပု

ရေးသားသူမြဒေါင်းရင်

0 Ratings
အနှစ်ချုပ်

၁။ ။ ဇာတိတော်

သက္ကရာဇ် ရ၁၁ ခုနှစ်တွင် ဆင်ဖြူရှင်ဗညားဦးသည် မုတ္တမမြို့မှ ပြောင်းရွှေ့၍ ဟံသာဝတီကို မင်းနေပြည်ဖန်ဆင်းစံနေတော်မူ၏။ ဆင်ဖြူရှင်တွင် မိဖုရားငါးဦးရှိရာ ထိုငါးဦးအနက် မိဖုရားသီရိမာတွင် ဖွားမြင်တော်မူသော ငယ်မည်ဗသုံပန်း စက်ဗညားနွဲ့သည် ဆင်ဖြူရှင်ကံကုန်တော်မူသောအခါ ရာဇာဓိရာဇ်ဘွဲ့တော်ကိုခံယူ၍ ဟံသာဝတီကို သိမ်းပိုက်အုပ်စိုးတော်မူ၏။
ရာဇာဓိရာဇ်တွင်ကား အိမ်နိမ့်စံစဉ်က စုံဖက်ခဲ့သော ကြင်ယာတော်၊ တလမည်ဒေါ၊ သူပုန်မင်းသားဘဝနှင့် ဒဂုန်တွင်စုံဖက်သော မွေမနိပ်ပီယ ရာဇာဒေဝီ၊ အထွဋ်အမြတ်သို့ရောက်မှ စုံဖက်သော မိဖုရား သုဒ်္ဓိမာယာဟု သုံးဆက်ရှိသည့်အနက်
မိဖုရား သုဒ်္ဓိမာယာတွင် သားတော်နှစ်ပါး၊ သမီးတော်တစ်ပါး ဖွားမြင်တော်မူရာ သမီးတော်ကို “သခင်ကျော်ဘို့” ဟု အမည်တော် မှည့်ခေါ်ပေ၏။
“သခင်ကျော်ဘို့” သည် ရှင်စောပုပင်ဖြစ်၏။ * သက္ကရာဇ် ရ၅၅ ခု တပို့တွဲလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူ၍ အရည်အသွေး လှလှနှင့် အသားအရောင်ဖြူဖြူဝင်းဝင်းရှိသောကြောင့် ရာဇာဓိရာဇ်၏ အရီးတော်၊ မဟာဒေဝီ မင်းသမီး
ပျိုကြီးက ယုယ မြတ်နိုးစွာနှင့် မွန်အခေါ်အားဖြင့် (တခင်စဲဖောံ)၊မြန်မာအသံနှင့် “သခင်ကျော်ဘို့” ဟု မှည့်ခေါ်တော်မူသည်ဖြစ်ရာ (မြေးဖြူမ) ဟု မြန်မာလို အဓိပ္ပာယ်ရလေသည်။
ဘွားဧငယ်မဟာဒေဝီ၏ ယုယခြင်းအားဖြင့်သာ ကြီးပြင်းခဲ့ပြီး သက်တော်ဆယ့်နှစ်နှစ်အရွယ်တွင် မဟာဒေဝီကံကုန်လျှင် မဟာဒေဝီ အပိုင်စားသော ဒဂုန်မြို့ကိုပင် အပိုင်စားရ၍ ဒဂုန်၌ပင် စံနေပေ၏။

  • စာအုပ်
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1254 စာအုပ်များ)
ဝယ်ယူသည်။ 300 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။