part of pack

Data Size 0.77MB

ရှင်မဟာရဋ္ဌသာရ

Byမြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း

0 Ratings
Summary

ရေအတိမ်အနက်ကို ကြာရိုးကြာပင်မြင်သဖြင့် သိရသည်ဆိုသကဲ့သို့
လူမျိုး အဆင့်အတန်း မြင့်၊ မမြင့် ကိုလည်း စာပေကိုမြင်သဖြင့် သိရလေ
သည်။ စာပေအဆင့် အတန်းမြင့်လျှင် လူမျိုးတို့လည်း အဆင့်အတန်း
မြင့်သောလူမျိုးဟု လွယ်ကူစွာ အကဲဖြတ်နိုင်သည်။ မြန်မာစာပေသည်
အဆင့်အတန်းမြင့်သော စာပေဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းမြင့်သော စာပေတို့
တွင် ရှိအပ်သည့် ဂုဏ်အင်္ဂါလက်္ခဏာများ မြန်မာစာပေ၌ အပြည့်အစုံ
ပါရှိသောကြောင့်ဖြစ်သည်။ အဆင့်အတန်းမြင့်သောစာပေ ရှိနေသည့်
အတွက် မြန်မာတို့သည် အဆင့်အတန်းမြင့်သော လူမျိုးတွင် ပါ၀င်နိုင်
သည်။
သို့ဖြစ်ရာ အဆင့်အတန်းမြင့်သော စာပေ ရှိနေခြင်းသည်
မြန်မာတစ်မျိုးလုံးအတွက် ဂုဏ်ယူစရာအချက်ကြီးဖြစ်လေသည်။
မြန်မာတို့၌ အဆင့်အတန်းမြင့်သောစာပေ ရှိနေခြင်းမှာလည်း လောက
ဓမ်္မနှစ်ဖက် ကုံလုံသည့် စွယ်စုံပညာရှင် ပုဂ်္ဂိုလ်ကြီးများက မြန်မာစာပေ
ကို အဆင့်အတန်းမြင့်အောင် ပြုစုပျိုးထောင်တော်မူခဲ့ကြသောကြောင့်
ဖြစ်သည်။
မြန်မာတစ်မျိုးလုံး ဂုဏ်ရှိစေရန်အတွက် စာပေကို အဆင့်
အတန်း မြင့်အောင် ပြုစုပျိုးထောင်တော်မူခဲ့သည့် ပညာရှိပုဂ်္ဂိုလ်မြတ်
ကြီးတို့တွင် လွန်ခဲ့သော နှစ်ပေါင်းငါးရာက အင်းဝခေတ်တွင် ပေါ်
ပေါက်တော်မူခဲ့သည့် အရှင်မဟာရဋ္ဌသာရ ဆရာတော်သည် ထိပ်တန်း
က ပါ၀င်သော ပုဂ်္ဂိုလ်မြတ်ကြီးဖြစ်သည်။

  • Books
  • Biography & Autography
  • Burmese
Subscription Package(read 1061 Books)
Buy 800 KS
Rent100KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package