part of pack

ဒေတာအရွယ်အစား 1.55MB

ရုပ်ရှင်အနုပညာနှင့် ရုပ်ရှင်အတတ်ပညာအခြေခံများ

ရေးသားသူဆန်းလွင်

0 Ratings
အနှစ်ချုပ်

ရုပ်ရှင်အနုပညာဖန်တီးမှုနှင့်သက်ဆိုင်သော ဇာတ်ညွှန်းရေးနည်းဆိုင်ရာ အချက်အလက်များ စီစဉ်ညွှန်ကြားရိုက်ကူးခြင်းဆိုင်ရာ
ဒါရိုက်တာ၏အတတ်ပညာများနှင့် ရုပ်ရှင်သရုပ်ဆောင်သူများ သိနားလည်သင့်သော ရုပ်ရှင်သရုပ်ဆောင်ပညာ နည်းနိဿယများအပြင်
ရုပ်ရှင်အနုပညာ၏ ရေသောက်မြစ်ဖြစ်သော တည်းဖြတ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများစွာကို ဖော်ပြထားပါသည်။
သို့ရာတွင် အခက်အခဲများကြောင့် အချို့အခန်းများကို အရေးကြီးသော်လည်း ချန်လှပ်ထားခဲ့ရပါသည်။
အနုပညာပိုင်းတွင် ရုပ်ရှင်အကြောင်းအရာနှင့် ပုံသဏ္ဌာန်သဘော။ ဆေးရောင်စုံရုပ်ရှင်နှင့် အရောင်များ၏
အဓိပ်္ပာယ်။ ရုပ်ရှင်တေးဂီတ။ မျက်မှောက်ခေတ် ဝတ်္ထုဇာတ်လမ်းများနှင့် ကမ်္ဘာ့ရုပ်ရှင်၏ ပြောင်းလဲမှုများ။
စီစဉ်တင်ပြပုံ လေ့လာစမ်းသပ်ချက်များ။ ရုပ်ရှင်ဝေဖန်ရေးသဘောတရားများကိုလည်းကောင်း။ ရုပ်ရှင်
အတတ်ပညာပိုင်းတွင် ရုပ်ရှင်ဖလင်များအကြောင်း။ ဖစ်လတာခေါ် ဖြည့်မှန်များအကြောင်း အိပ်စပိုရှာအကြောင်း။ ကားကူးကားဆေးပညာ
အကြောင်း။ ရုပ်ရှင်မှန်ဘီလူးအကြောင်းများနှင့် ခေါင်းစည်းစာတန်း ရိုက်ကူးပုံအကြောင်းများကို ချန်လှပ်ထားခဲ့ရပါသည်။
ဤရုပ်ရှင်ပညာ အခြေခံကျမ်းသည် နှစ်ပေါင်း ၅၀ တိုင်တိုင် လိုနေသော လိုအပ်ချက်တစ်ရပ်ကို ဖြည့်နိုင်ရန် ကြိုးပမ်းချက်တစ်ရပ်
ဖြစ်ပါသည်။ ရုပ်ရှင်ပညာကို အခြေခံမှစ၍ လေ့လာကြမည့် လူငယ် သုတေသီများ ရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင်အတတ်ပညာရှင်များ
အတွက် ယခင်အခါက လေ့လာစရာ အားကိုးပြုလောက်သော မြန်မာဘာသာ ရုပ်ရှင်ပညာကျမ်း တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ယခုရှိပြီ
ဖြစ်၍ အခက်အခဲတစ်ခုကို ကျော်လွန်နိုင်ကြမည် ဖြစ်ပါသည်။ အခြေခံကို ကျွမ်းကျင်ပြီးနောက် အမြင့်တန်းသို့တက်၍ ကြံစည်ကြိုးပမ်းလိုသူ
များ ဆန်းသစ်မှုကို စူးစမ်းရှာဖွေဖော်ထုတ်လိုသူ လူငယ်ပညာရှင်များအတွက် မိမိတို့လျှောက်ရမည့်လမ်းတွင် ဤရုပ်ရှင်အခြေခံကျမ်းသည်
အောက်ဆုံးမှ လှေကားထစ်တစ်ခုဖြစ်ပါသည်။ ဤလှေကားထစ်ပေါ်သို့ တက်ပြီးနောက် အထက်သို့ရောက်အောင် ဆက်လက် ချီတက်နိုင်
ကြပါစေ။
စာရေးသူ

  • စာအုပ်
  • အနုပညာနှင့် သရော်စာ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 1080 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။