part of pack

ဒေတာအရွယ်အစား 1.10MB

ရာဇဝင်ကျော်

ရေးသားသူရှင်မဟာသီလဝံသ

0 Ratings
အနှစ်ချုပ်

ရှင်မဟာသီလဝံသ အတ္ထုပ္ပတ်
“ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း ၍၊ ကိန်းအောင်စံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့်- စွင့်လိမ့်လေ။
အကိုက်လေးဘော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေဦး- ခူးလိမ့်လေ။
ခူးလည်း ခူးလတ္တံ၊ ကူးလည်း ကူးလတ္တံ၊ စူးလည်း စူးလတ္တံ၊ မြူးလည်း မြူးလတ္တံ”
ဟူ ၍ မိုးညှင်းမင်းတရားကြီး ဖြိုတော်မူသည့်နှစ် သက္ကရာဇ် ၈၀၀ ပြည့်နှစ်အတွင်းတွင် တောင်တွင်းကြီးမြို့ ၌ ထူးကဲစွာ တဘောင်ပေါ်ခဲ့ပေသည်။ ထိုတဘောင်ပေါ်လာသောအချိန်မှ စ ၍ “ ပေလေးပင် ရှင်လေးပါး“ပေါ်ချိမ့်မည်ဟု တောင်တွင်းကြီးတစ်ခုလုံး အုတ်အုတ်ကျက်ကျက်သာ ဖြစ်ဘိသည်။
ထိုတဘောင်အရလည်း သက္ကရာဇ် ၈၁၅ ခုနှစ်သို့ ရောက်လတ်သော် တောင်တွင်းကြီးမြို့ မြောက်ဘက်ရှိ မြို့လုလင်ရွာတွင် နှစ်စို့၊ သတိုးထမ်းရွာတွင် တစ်စို့၊ မန်ကျည်းယောင်ရွာတွင် တစ်စို့၊ ဤသို့လျှင် ပေစို့ကြီး လေးစို့တို့သည် ပုဗ္ဗနိမိတ်အဖြစ်ဖြင့် အံ့ဖွယ်ရာ ပေါ်ထွက်လာရကား မြို့သူမြို့သားအပေါင်းမှာ “ပေလေးပင်”တော့ ပေါ်ပြေီ့ဟု နှစ်ထောင်းအားရ ၀မ်းမြောက်ခြင်း ဖြစ်ကြလေကုန်၏။

  • စာအုပ်
  • သမိုင်းနှင့် ဘူမိဘေတ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1647 စာအုပ်များ)
ဝယ်ယူသည်။ 400 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။