part of pack

ဒေတာအရွယ်အစား 0.25MB

ရည်ရွယ်ချက်ထားရှိ အောင်မြင်နိုင်စွမ်း

ရေးသားသူဂျွန်(မြန်မာပြန်)

0 Ratings
အနှစ်ချုပ်

ဘဝမှာ သင် ဘာတွေ အလိုရှိပါသလဲ။
ကျွန်တော်တို့ဘဝနဲ့ ပတ်သက်သော ဇာတ်လမ်းတွေကို ရည်ရွယ်ချက်တွေ ထူးခြားစွာ ပါရှိစေပြီး ရေးသားလိုစိတ် ရှိကြပါတယ်။
ကျွန်တော်တို့ ထားရှိပြီးသော ရည်ရွယ်ချက်တွေအတိုင်း အမှန်တကယ် လိုချင်တာတွေရရှိဖို့ ကြိုးစားလိုစိတ် ရှိကြပါတယ်။
ကမ်္ဘာလောကအား ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်သော နေရာတစ်ခုအဖြစ် ပြုလုပ်လိုကြတာကလည်း ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်
တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ အရာရာကို အပြည့်အဝဆုံးဖြစ်အောင် အကောင်အထည်ဖော်လိုကြပါတယ်။
သင့်ဘဝမှာ အကောင်းဆုံးသော ဇာတ်လမ်းတွေကို ကိုယ်တိုင် ဖန်တီးရေးသားနိုင်စေဖို့ သင့်မှာ ထက်မြက်သော စွမ်းအင်တွေ ရှိထား
ဖို့ လိုအပ်ပါလိမ့်မယ်။သင့်ဘဝဇာတ်လမ်းတွေ အကောင်းဆုံးဖြစ်စေဖို့ ကြိုးစားရာမှာ သင်ဟာ ရည်ရွယ်ချက်ကောင်းတွေ ရှိထားဖို့ အထူးလိုအပ်ပါလိမ့်မယ်။
သင့်မှာ ရှိနေသော ထူးခြားတဲ့ ရည်မှန်းချက်တွေက သင့်ဘဝကို အကောင်းဆုံး လမ်းညွှန်ပေးနိုင်မှာဖြစ်ပြီး အရာရာ အမှားအယွင်းမရှိရအောင်လည်း သင့်ကို တောက်လျှောက် ထိန်းကျောင်းပေးသွားမှာ
ဖြစ်ပါတယ်။
သင်က ဘယ်နိုင်ငံသားဖြစ်တယ်၊ ဘယ်လိုအခွင့်အရေးကောင်းတွေ ရရှိနိုင်မယ်၊ ဘယ်လိုကျင့်ဝတ်တွေကို စောင့်ထိန်းမယ်၊ ဘယ်လိုစွမ်းဆောင်ရည်တွေကို အသုံးချမယ်… ဆိုတဲ့ အချက်တွေအပေါ် သင့်ဘက်က
ထည့်သွင်းစဉ်းစားပေးစရာမလိုအပ်ဘဲ သင့်ရည်ရွယ်ချက် ပြည့်ဝအောင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကိုသာ အဓိကထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

  • စာအုပ်
  • စီးပွားရေးနှင့် အလုပ်အကိုင်
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1608 စာအုပ်များ)
ဝယ်ယူသည်။ 360 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။