part of pack

ဒေတာအရွယ်အစား 0.55MB

မြန်မာဝတ္ထုတို (စာရေးဆရာပေါင်းစုံ၏ ဝတ္ထုပေါင်းစုံကို မြန်မာစာပေနယ်၌ စတင်စီစဉ်ဖော်ဆောင်သော ပထမဆုံးဝတ္ထုတိုပေါင်းချုပ်)

ရေးသားသူမောင်နေဝင်း-စီစဉ်သည်

0 Ratings
အနှစ်ချုပ်

မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ်အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့
ထက် ခြောက်နှစ်မျှကြီးသည်။
ကိုဆင်သည် ဤအသက် ဤအရွယ်အထိ မည်သည့်အလုပ်ကိုမျှ ဖြစ်ဖြစ်
မြောက်မြောက် မလုပ်မကိုင်ခဲ့ဖူးချေ။ “ထဘီနားခိုစားသည်” ဟု မလိုသူတို့က ကဲ့ရဲ့ကြ
လျှင် “အလို ဝေဿန္တရာမင်းကြီးပင်လျှင် မဒ္ဒီ၏လုပ်စာကို ထိုင်စားသေးတာပဲ”ဟု
ရယ်သလိုမောသလို ပြန်ချေလေ့ရှိသည်။ “ကိုယ့်ကုသိုလ်နဲ့ ကိုယ်ဖြစ်တာ မနာလို
တိုရှည်မဖြစ်ကြနဲ့လေ” ဟုပင် နောက်ထပ်ဆက်လိုက်တတ်သေးလေသည်။ သို့ရာ
တွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင်နာရသော်လည်း နာရမှန်းမသိ၊ စကားနိုင်
လု၍ ပြောလိုက်ရသော သူ့ကိုယ်သူပင် သူ ချီးမွမ်းလိုက်သေးသည်။
မလိုသူတို့သည် စကားအတင်စီးခံကြရသဖြင့် သာ၍ မလိုစိတ်ပေါက်လာ
ကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ကိုဆင် အသက်အရွယ်ကြီး
လာသောအခါ ပျိုရွယ်စဉ်က အမေးအငေါ့ခံရ၊ အမဲ့အရွဲ့ခံရသော ဒဏ်ရာများသည်
ကိုဆင်၏စိတ်ထဲတွင် ပေါ်လာကြလေသည်။
ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲတစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်း
သည်။ ဝါးဈေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါလေ၏။ နောက်တစ်နှစ်
မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှားဆင်းထွန်ပြန်သည်။ ထွန်သွားထိသဖြင့်
ခြေသလုံးဝယ် သွေးစက်စက်နှင့် အိမ်သို့ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်
လောက် ကုရလေသည်။

  • စာအုပ်
  • သုတစာပေ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 700 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။