part of pack

ဒေတာအရွယ်အစား 0.73MB

မာ့က်တွိန်း၏ မာ့က်တွိန်း

ရေးသားသူအေ.ဇက်ဟိဏ်း (မြန်မာပြန်)

0 Ratings
အနှစ်ချုပ်

ယေဘုယျအားဖြင့် ထင်ရှားကျော်ကြားသော ပုဂ်္ဂိုလ်များအကြောင်းကိုသာ အတ္ထုပ္ပတ္တိများ ရေးသားခြယ်မှုန်းလေ့
ရှိကြသောကြောင့် အတ္ထုပ္ပတ္တိစာပေများကို ဖတ်ရှုခြင်းဖြင့် လူ့လောကကို တစ်နည်းနည်း ကောင်းမွေ ဆိုးမွေ
သက်ရောက်စေခဲ့သော အဆိုပါပုဂ်္ဂိုလ်ကြီးများ၏ ဘဝကို တစေ့တစောင်း ချောင်းမြောင်း လေ့လာခွင့်ရသဖြင့်
လူငယ်များသည် မိမိတို့၏ ဘဝကို အောင်မြင်အောင် တည်ဆောက်ကြရာတွင် နည်းယူသင့်သည်များ၊ ရှောင်ရှား
သင့်သည်များကို အလွယ်တကူ မှတ်သားနာယူနိုင်မည် ဖြစ်သည်။ မိမိဘဝ၏ ကျဉ်းမြောင်းသော ဝန်းကျင်မှ
ရုန်းထွက်၍ မတူကွဲပြားသော ဘဝအခြေအနေတစ်ခုကို နာရီပိုင်း အချိန်မျှအတွင်း ခေတ္တ အလည်အပတ် သွားရောက်၍ အတွင်း
ကျကျ လေ့လာကြည့်နိုင်သော တစ်ခုတည်းသော နည်းလမ်းမှာ အတ္ထုပ္ပတ္တိစာပေ ဖတ်ရှုခြင်းပင် ဖြစ်သည်။
အကျော်အမော်များနှင့် ကိုယ်တိုင် တွေ့ကြုံခွင့်ရသည့်တိုင် အာလာပသလ္လာပ ပြောရုံ စိတ်ကြည်နူးအားတက်မှုရရုံမှလွဲ၍
သူတို့၏ အကျင့်စရိုက် စိတ်နေစိတ်ထားကို တိတိပပ သိခွင့်ရရန် ခဲယဉ်းပါသည်။ သို့သော် ၎င်းင်းတို့၏ အတ္ထုပ္ပတ္တိ တစ်ခု
ကို ဖတ်ရှုကြည့်လျှင်ကား သူ့တို့၏ဘဝ၊ အကျင့်စရိုက် စိတ်နေ စိတ်ထား၊ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ၊ အောင်မြင်မှုကို
မည်သို့ တည်ဆောက်ခဲ့ရသည် စသည့် များမြောင်လှသော ဘဝမှန်ကူကွက်များကို ဘေးနားမှာ ထိုင်ကြည့်နေရသလို
ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်ပါသည်။ထို့ကြောင့် လူငယ်များကို အတ္ထုပ္ပတ္တိစာပေများများ ဖတ်ကြည့်စေချင်ပါသည်။
မြန်မာစာပေလောကတွင် အတ္ထုပ္ပတ္တိစာပေ၏ အခန်းကဏ္ဍသည် မသေးငယ်လှပါ။ အဆိုပါ ကဏ္ဍအတွင်းတွင် တစ်ထောင့်တစ်နေရာမှ ကူပံ့လိုသော ရည်ရွယ်ချက်ဖြင့်
ဤ “မာ့က်တွိန်း၏ မာ့က်တွိန်း” ဟူသော ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။

  • စာအုပ်
  • အထ္တုပ္ပတိ နှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
  • အင်္ဂလိပ်
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1597 စာအုပ်များ)
ဝယ်ယူသည်။ 600 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။