part of pack

ဒေတာအရွယ်အစား 5.46MB

မလင်းတဖုံ လင်းတဖုံ

ရေးသားသူစိန်စိန်

0 Ratings
အနှစ်ချုပ်

(၁)
စိတ်ကြိုက်ရေးခြယ်ပြီးဆုံးသွားသောပန်းချီကားကိုစုတ်တံတန်းလန်း ကိုင်ထားကာ ငေးမော၍ကြည့်ရသောအခါလောက်ပီတိဖြစ်စရာကောင်း
သော၊စိတ်ချမ်းသာဖွယ်ရာကောင်းသောအခြင်းအရာသည်ပန်းချီဆရာတစ်ဦးအတွက်အခြားမဲ့၌မရှိတော့ပေ။
သူသည်ဟင်းလင်းဖွင့်ထားသော ပြတင်းပေါက်မှ နေရောင်အလင်းဖြင့် ပန်းချီကားကိုအတန်ကြာမျှ ငေးမောကြည့်ရှုနေသည်။ အပြီးသတ်လိုက်သော ပန်းချီကားမှာ တူမလေးကျွေ၏ပုံတူပန်းချီကားဖြစ်၏။ ပန်းချီကားထဲ၌ တူမလေးကျွေသည် ချိုမြစွာရယ်မောထား သည်။ တူမလေးကျွေရယ်မောလိုက်လျှင် ဘုရင်မလေးတစ်ဦး ရယ်မောနေသလို ပွင့်လန်းသွားတတ်သည်။
ပန်းချီကားပေါ်၌ အနီရောင်များအသုံးများသွားလေသလားဟုထင်သည်။ တစ်ခါတစ်ရံ၌မူပန်းချီဆရာတစ်ဦးသည် သူ့စိတ်ထဲ၌တစ်ခုခုစွဲနေပြီး စုတ်ချက်များကို အလိုအလျောက်ဆွဲသွားတတ်သည်။ သူကိုယ်တိုင်ပင် ဘာကြောင့်ဆွဲလိုက်မိသည်ဟု မသိနိုင်သော စုတ် ချက်များမှာ ပန်းချီဆရာ၏ ပန်းချီကားများတွင် ပါ၀င်နေတတ်လေသည်။ သူသည်တူမလေးကျွေ ရောက်လာလျှင်ပန်းချီကားကိုလက်ဆောင်အဖြစ်ပေးလိုက်မည်ဟု စိတ်ကူးပြီးစိတ်ထဲ၌ရွှင်လန်းနေသည်။ တူမလေးကျွေမှာ ယခုညနေ ၃ နာရီခွဲရထားနှင့် ရောက်လာေ တာ့မည်။သူသည် ဘီအီးဒီယူခဲ့ပြီးအထက်တန်းပြ ဆရာမလေးအဖြစ်မြိုင်ကြီး၌ လုပ်ကိုင်ရန် ယခုလာနေပေပြီ။ သည်နေ့တူမလေးကျွေ ပြန်ရောက်လာမည့်နေ့။ ကိုမြတ်ကျော်ကြီးပင် ဘူတာမှသွားရောက်ကြိုဆိုနေပြီ။ တူမကလေးကျွေ ပြန်ရောက်
လာပြီးလျှင်မူ ဤအိမ်ထောင်စုကလေးမှာ ပျော်ရွှင်ကြည်နူးဖွယ်ရာသော ချမ်းမြေ့ရိပ်မြံုကလေး ဖြစ်လာတော့မည်။
စင်စစ်တွင်တူမလေးကျွေသည်သူ၏ တူမအရင်းမဟုတ်။ သူ့အစ်ကိုနှစ်ဝမ်းကွဲ၏ သမီးသာဖြစ်လေသည်။ ဤအိမ်တွင်နေသူ သုံးဦးအနက် တူမကလေးနှင့်သူသာလျှင် သွေးသားတော်စပ်ပြီးကိုမြတ်ကျော်ကြီးမှာမူ မည်သူနှင့်မျှမည်သို့မျှမတော်စပ်ပေ။ သို့သော်ဤအိမ်၌ နေသူသုံးဦးလောက် တစ်ဦးအပေါ်တစ်ဦး မေတ်္တာနှင့်ဖွဲ့နှောင်ထားသောမိသားစုကလေးမှာ အခြား၌ မရှိနိုင်တော့ပေ။

  • စာအုပ်
  • အချစ်ဝတ္ထု
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1596 စာအုပ်များ)
ဝယ်ယူသည်။ 600 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။