part of pack

Data Size 0.48MB

မင်းလက်ဝဲနော်ရထာ

Byမြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း

0 Ratings
Summary

မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းသည် စာဆိုတော်အထိမ်းအမှတ်
ပွဲကြီးများကို နှစ်စဉ်နှစ်တိုင်းပင် ကျင်းပပြုလုပ်ခဲ့သည်။ အထိမ်းအမှတ်
အခမ်းအနား ကျင်းပရုံသာမဟုတ်၊ စာဆိုတော်အထိမ်းအမှတ် ဂုဏ်ပြု
စာအုပ်လည်း ထုတ်ဝေခဲ့သည်။ ဤသို့ သော စာဆိုတော်ပူဇော်ပွဲကို
စာပေလောကတစ်ခုလုံးတွင် မည်သည့်စာပေအသင်းအဖွဲ့ကမျှ မလုပ်
နိုင်ခဲ့ချေ။ ဤ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းတစ်ခုတည်းက
သာလျှင် နှစ်စဉ်မပြတ် ကျင်းပပြုလုပ်နိုင်ခဲ့သည်။
ဤတွင် မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၏ အထိမ်း
အမှတ်များကို စာရင်းတိုးချဲ့ ဖော်ပြသင့်လေသည်။
မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းကို ၁၃၂၀ ပြည့်နှစ်၊
နတ်တော်လဆန်း ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ရာ ယခုအခါ
၁၅ နှစ်တိုင် ပေါက်ရောက်ခဲ့ပြီဖြစ်သည်။
၁၃၂၂ ခုနှစ်၊ တော်သလင်းလတွင် အနုပညာလောက
အမှတ်(၁)ကို ထုတ်ဝေသည်။ ၁၃၂၃ ခုနှစ်၊ တော်သလင်းလတွင်
အနုပညာလောက အမှတ်(၂)ကို ထုတ်ဝေသည်။
၁၃၂၄ ခုနှစ်၊ တော်သလင်းလတွင် ၀တို့ဋ္ဌာနီကို ထုတ်ဝေ
သည်။ ၁၃၂၆ ခုနှစ်၊ နတ်တော်လတွင် လယ်တီပဏ္ဍိတစာအုပ်ကို
ထုတ်ဝေသည်။ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး ကွယ်လွန်သည့်
၂၅ နှစ်မြောက် အထိမ်းအမှတ် ဖြစ်သည်။
၁၃၃၀ ပြည့်နှစ်၊ နတ်တော်လတွင် အနုပညာလောက
အမှတ်(၃)ကို ထုတ်ဝေသည်။

  • Books
  • Biography & Autography
  • Burmese
Included In Book Pack

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package