part of pack

ဒေတာအရွယ်အစား 0.44MB

ဗမာပြည်နဲ့ ဗမာလူမျိုး

ရေးသားသူကောင်းသာ(မြန်မာပြန်)

0 Ratings
အနှစ်ချုပ်

“ကျပ်ပြင်နယ်မြေက “မိုးကုတ်” ရဲ့ အရှေ့တောင်ဘက် (လတ်္တီတွဒ် ၂၂ ဒီဂရီ ၁၆ မိနစ်မြောက်) မိုင် ၇၀ အကွာမှာ ရှိတယ်။ တောင်တန်း
ကိုးခု ဝန်းရံထားတယ်။ ရေအိုင်ငယ်လေးတွေ ၁၇ ခု ရှိတယ်။ ဒီအိုင်တွေက သီးခြား နာမည်တစ်ခုချင်း ရှိတယ်။ ဒီမြေက သတ္တုရတနာတွေ
ကြွယ်ဝရာနေရာပါပဲ။ ခြောက်သွေ့တဲ့ မြေက သတ္တုတွင်းပါပဲ။ တွင်းတူးသမားတွေက လေးထောင့်ပုံ တွင်းတွေ တူးပြီး သစ်သားပြားတွေ ဘေးကာရံ
ထားကြတယ်။ ဒီတွင်းတွေကို ၁၅ ကုဗမှ ၂၀ ကုဗ အနက် တူးကြတယ်။
စိတ်ချရမှ တွင်းအောက်ကို ခြင်းတွေနဲ့ မြေကြီး တူးယူကာ အနီးအနားက စမ်းချောင်းထဲ ဆေးကြောကျင်ယူ စစ်ထုတ်၊ ကျောက်မျက်ရတနာတွေ ရှာကြရတယ်။
ပတ္တမြားတွေ၊ ဂေါ်မုတ် မဟူရာတွေ၊ အခြား ကျောက်မျက်ရတနာတွေအစုံ ထွက်တယ်။ ကျပ်ပြင်သတ္တုတွင်း ဘယ်လို စတင်ပေါ်ပေါက်လာပုံကို ပုံပြင်ပေါင်းများစွာ အဆန်းတကြယ် ကြားကြရတယ်”
“ပဲရတ်ဂျီယူဆက်ပီ၊ ဒီ၊ အမာတို “ပြောပြတဲ့ အထက်ပါ စကားမှာ ဒီပတ္တမြား သတ်္တုတွင်းက ရှာဖွေရသမျှထဲမှာ ပတ္တမြား အကြီးဆုံးရသူက
ပိုမြင့်မားဆုံး နာမည်ကျော်ရသတဲ့။ အကြီးဆုံး ပတ္တမြားတုံး နှစ်တုံး တွေ့ခဲ့ကြရာမှာ တစ်ခုက ပိဿာချိန် ၈၀ တောင် ရှိတယ်လို့ ဆိုတယ်။
ဒါကိုတွေ့တဲ့လူတွေက အင်းဝဘုရင်မင်းမြတ်ဆီ ဆက်သဖို့ ယူအလာမှာ ပိုသေးတဲ့ ပတ္တမြားက ပါသွားပြီး အကြီးဆုံးပတ္တမြားက မီးသင့်သွားလို့
ဒဏ်ရာရတဲ့အတိုင်းပဲ ဘုရင်ဆီ ဆက်သရသတဲ့။
တိုင်းပြည်ရဲ့ တိရစ္ဆာန်တွေက မြောက်မြားစွာ ရှိပါတယ်။ နေရာတကာ တွေ့နိုင် အသုံးအများဆုံးက နွားတွေနဲ့ ကျွဲတွေပါပဲ။ မြင်းတွေနဲ့
ဆင်တွေလည်း သုံးကြတယ်။ ပထမဆုံး နှစ်မျိုး နွားနဲ့ ကျွဲတွေက တိုင်းပြည်အနံှ့မှာ သုံးနေကြတယ်။ သူတို့ နှစ်ကောင်က အင်မတန်
ခိုင်းကောင်းတဲ့ တိရစ္ဆာန်မျိုးမို့ ကောင်းကောင်း ထိန်းသိမ်း စောင့်ရှောက်ကြတယ်။ ဘာသာရေးအရ သူတို့နှစ်ကောင်ကို သတ်ဖြတ် စားသောက်ခြင်း
ကို တားမြစ်ထားတယ်။ ဒါကြောင့် ဒီတိရစ္ဆာန်မျိုးကို သတ်ပြီး ရောင်းစားဖို့ အကျိုးအမြတ် မရနိုင်တော့ဘူး။ တခြား အကြောင်းတွေအရ သူတို့က
တန်ဖိုးမရှိသလို ဖြစ်နေတဲ့အပြင် သူတို့က အားကောင်းသန်မာနေလို့ သတ်ရတာလည်း ခက်ခဲတတ်တယ်။ သူတို့ သက်တမ်းက ရှည်ကြာလှ
တယ်။ ဗမာပြည်က မြင်းတွေကတော့ အရွယ်အစား ပြည့်ပြည့်၀၀ မရှိလှဘူး။ ဘင်္ဂလားအရှေ့အာရှနိုင်ငံတွေက မြင်းတွေက ကနေဒါက
မြင်းပုလေးတွေနဲ့ ဆင်တူတယ်။ ဒီသတ်္တဝါတွေက ကုန်ကျစရိတ် များလွန်းတဲ့အတွက် မြင်းကုန်းနှီးတပ်ပြီး သုံးတာကလွဲလို့ တခြားနည်း
သုံးတာ မတွေ့ရဘူး။ တိုင်းပြည်ရဲ့ တချို့နေရာတွေမှာဆို မြင်းဆိုတာ ကြားတောင် မကြားဖူးကြဘူး။

  • စာအုပ်
  • သမိုင်းနှင့် ဘူမိဘေတ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 600 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။