part of pack

Data Size 27.93MB

ပိတောက်ဖူးတဲ့ လတန်ခူး နှစ်ဦးသင်္ကြန်ခါ

Byကလောင်စုံ

0 Ratings
Summary

ကန်ဦးသင်္ကြန် – လင်းယုန်နီ …. ကြာတော့လည်း ကြာပေပြီ။ ခေတ်များပင် တစ်ဆင့်မှတစ်ဆင့်သို့ တိုးတက်ကူးပြောင်းခဲ့ပြီမို့ ကိုတင်ယု တစ်ယောက်မှာလည်း အရင်ကနှင့်မတူအောင် တစ်မူပြောင်းနေခဲ့ပြီဖြစ်၏။ ပြောင်းလဲခြင်းမှန်သမျှမှာ ထူးခြားနေ၍ ထူးခြားခြင်းမှန်သမျှမှာလည်း ခြောက်သွေ့နေသည်ဟု ထင်ရ၏။
အထူးကတော့ ကိုတင်ယုမှာ ဘယ်လိုမှ အရင်လို မပျော်မွေ့နိုင်ခြင်းဖြစ်ပေသည်။ အရင်ကမူ အရာခပ်သိမ်းမှာ ကိုတင်ယုအတွက် စိုပြည်ခဲ့၏။ မီးပဒေသာရောင်စုံအောက်ဝယ် အပူကင်းမဲ့စွာ လမ်းလျှောက်ရသလိုလည်း လိုလားအပ်ဖွယ်ရာ သာယာခဲ့၏။ ထိုစဉ်ကတော့ လှပခြင်းဆိုတာမှန်သမျှကို သူ့မျက်လုံးအစုံက ချုပ်ကိုင်တတ်၍ သူ့စိတ်ကလည်း အလှအပဆိုတာကိုမှ ဖန်တီးတတ်၏။ ဒါပေမဲ့ ခုတော့လည်း အတိတ်က စိုပြည်ခြင်းဆိုသည်မှာ ခြောက်သွေ့ခြင်းသို့ ပြောင်းလဲခဲ့ပေပြီ။
အတိတ်က သာယာစိုပြည်ခြင်းမှန်သမျှမှာ လူသားတစ်ယောက်အတွက် ပပျောက်ခဲ့ပါပြီဟု ဆိုခြင်းကတော့ အံ့စရာပဲဖြစ်၏။ မချိတင်ကဲ ၀မ်းနည်းဖွယ်ရာလည်းဖြစ်၏။ အတိတ်က တောက်ပစိုပြည်ခြင်းမှာ အဘယ်သို့သော အဖြစ်ဆိုးကြောင့် လူသားတစ်ယောက်အတွက် မည်းမှောင်ခြောက်သွေ့ခဲ့ပါသလဲဆိုသည်မှာလည်း ကြားရသူ တစ်ဖက်သားအတွက် ပြဿနာတစ်ရပ်လိုပဲ ဖြစ်ခဲ့၏။ ကိုတင်ယု၏ ဘဝကပဲ ဆန်းကြယ်လို့လား၊ ဒါမှမဟုတ် လူတကာပြောတတ်ကြသလို လူတွေကပဲ မတရားလို့လား။

  • Books
  • Romance
  • Burmese
Subscription Package(read 1568 Books)
Buy 1000 KS
Rent100KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package