part of pack

ဒေတာအရွယ်အစား 1.24MB

ပိတောက်ပွင့်ဦး၊ ပိတောက်အိပ်မက်၊ ပိတောက်တစ္ဆေ

ရေးသားသူမောင်သိန်းဆိုင်

0 Ratings
အနှစ်ချုပ်

အကယ်တည့် “ပိတောက်တစ္ဆေ နှင့် လျှို့ဝှက်သည်းဖိုဝတ္ထုတိုများ” တွင် လျှို့ဝှက်သည်းဖို ၀တ္ထုအမျိုးအစားကို စမ်းသပ်ရေးသားလိုကြကုန်သော စာဖတ်သူ အထောင်အသောင်းကြားမှ တစ်ဦးစ၊ နှစ်ဦးစမျှသော ပုဂ်္ဂိုလ်များ အတွက် စာရေးသားဖြစ်စေရန် နည်းမှီးလက်သုံးပြုရာ ၀တ္ထုတစ်ပုဒ်တလေ ပါရှိခဲ့သည်ဆိုပါလျှင် ဤသည်မှာ ကျွန်တော်၏ဝမ်းမြောက်ရမှု ဖြစ်ပါချိမ့်မည်။

ပိတောက်တစ္ဆေ
စိမ်းညိုရွက်ဆင်သော ပိတောက်ပင်အထက် ဥသြငှက်၏ လွမ်းမက်ဖွယ် တေးသံကို ကြားရသည်။
လေဝှေ့လေလျှင် ရွှေဝါရောင် ပိတောက်ပွင့်တို့ဆီမှ ပျံ့မွှေးကြူအေးသော ရနံ့ကို ခံစားရသည်။
သြော် … အတာသင်္ကြန်ရောက်ခဲ့ရပြန်ပါပြီကော။
ထွေးသည် အိမ်၏ပြတင်းပေါက်မှနေ၍ ခြံထောင့်ရှိ ပိတောက်ပင်ကို ငေးကြည့်နေသည်။ သင်္ကြန်လက်ဆေးမိုး ရွာချခဲ့သဖြင့် ပိတောက်ရွက်တို့သည် သန့်စင်နေလေသည်။ စိမ်းညိုနေလေသည်။ အဝတ်သစ်ကို ၀တ်ဆင်ထားရသော ကလေးငယ်အသွင်ဖြင့်
လန်းရွှင်နေပေသည်။
အဝါရောင် ပိတောက်ပန်းတို့က နံနက်ခင်း နေရောင်ခြည်အောက်တွင် အလှိုင်းလှိုင်းထအောင် ပွင့်နေကြသည်။ ပိတောက်ပင်ကိုကြည့်ရသည်မှာ ပိတောက်ပွင့်ကို ဆင်မြန်းထားသော မိန်းမပျိုကလေးအသွင် ပျိုမျစ်တင့်ဆန်းနေသည်ဟု ထွေး ထင်သည်။
ပိတောက်ပန်း၏ ချိုအေးကြူမွှေးသော ရနံ့နှင့်အတူ သင်းပျံ့လှသော မြေသင်းရနံ့ကို ထွေး ရှူရှိုက်မိသည်။ ထွေး၏ရင်မှာ ဆွတ်ပျံ့ကြည်နူးခြင်းကို ခံစားနေရပေသည်။

  • စာအုပ်
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1570 စာအုပ်များ)
ဝယ်ယူသည်။ 800 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။