part of pack

ဒေတာအရွယ်အစား 0.44MB

ပန်းချီကို ဘယ်နည်းနဲ့ ရေးကြမလဲ

ရေးသားသူရန်ကုန်ဘဆွေ

0 Ratings
အနှစ်ချုပ်

အနုပညာသမိုင်းလမ်းကြောင်းကို ရိပ်ခနဲ ကြည့်ပါဦး
သမိုင်းကြောင်းကို လေ့လာမြည်းစမ်းကြည့်ကြဖူးသူ
တိုင်း အကြမ်းအားဖြင့် လူနှစ်မျိုးနှစ်စားကို တွေ့ကြရ
မည်။
လူတစ်မျိုးသည် “ငါ”စိတ်ပြင်းပြသော လူမျိုးဖြစ်၍
လူတစ်မျိုးသည် “ငါ”ကို မကျေနပ်နေသော လူမျိုးဖြစ်
သည်။
“ငါ”စိတ်ပြင်းသော လူမျိုးသည် မိမိကိုယ်ကိုယ်
သာလျှင် အတော်ဆုံး အတတ်ဆုံးထင်သောကြောင့်
အခြားကျော်ကြား လူသိများသော သူတစ်ပါးကို “ဒီ
ကောင်တွေ မတတ်ဘဲနဲ့ ဘာ့ကြောင့်ကျော်ကြားရတာ
လဲ…” ဟု မလိုတမာစိတ်မျိုးဝင်ကာ၊ အကြောင်းမဲ့
ဆဲရေးတိုက်ခိုက်လျက် မိမိကိုယ်ကိုယ် တော်ကြောင်း
တတ်ကြောင်း ပြသတတ်သော အမျိုးအစားတို့ဖြစ်
သည်။ ထိုသူမျိုးတို့သည် မိမိတို့ ဆရာသမားကို
တောင် တုံ့ပြန်တိုက်ခိုက်တတ်သည်။
သူတို့သည် သူတို့၏ ဆရာသမားဖြစ်သူက မိမိ
ဘာသာ ဆင်းဆင်းရဲရဲ ဇွဲရှိရှိဖြင့် အချိန်ကြာမြင့်စွာ
လေ့လာပြီးမှ တတ်မြောက်လာရရှာခြင်းကို မသိမစဉ်း
စားဘဲ အလွယ်တကူ သင်ယူတတ်မြောက်ကြရသော
၎င်းင်းတို့ကိုယ်နှင့် နှိုင်းစာကာ ဒီအဘိုးကြီးတွေ အလွန်
ထုံထိုင်းကြသည်၊ သူတို့တစ်သက်လုံး သင်လာရတာ
တွေကို အခုကြည့်၊ ငါတို့ ခဏလေးနှင့် တတ်မြောက်
ကြသည်ဟု… ပခုံးချင်းယှဉ်ပစ်လိုက်တတ်ကြသည်။

  • စာအုပ်
  • သုတစာပေ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1608 စာအုပ်များ)
ဝယ်ယူသည်။ 300 KS
ငှားရမ်းသည်။48 နာရီအတွက် 150 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။