part of pack

ဒေတာအရွယ်အစား 7.04MB

ပန်းမာလာ တစ်နိုင် စိုက်ပျိုးနည်း

ရေးသားသူအောင်ဝင်းထွဋ်

0 Ratings
အနှစ်ချုပ်

မေမြို့ပန်းစိုက်ပျိုးခြင်း

ရေမြေရာသီဥတု – နေရာအနှံ့အပြားတွင်စိုက်ပျိုးနိုင်သည်။
မိုးရာသီတွင်ကုန်းမြေများ၌လည်းကောင်း၊ ဆောင်းရာသီတွင်ခဲမြေများ၌လည်းကောင်းစိုက်ပျိုးနိုင်ပါသည်။
ကုန်းမြေမှာ မြေနီ၊ မြေဝါနှင့်သဲနုန်းမြေအမျိုးအစားဖြစ်သည်။ ခဲမြေ မှာအစိုဓာတ်များသည့် သစ်ဆွေးပုပ်မြေ များဖြစ်ပြီးအချို့နေရာများတွင် မြေအောက်(၂-၃)အထိ ရေဝပ်မြေများဖြစ်သည်။
စိုက်ပျိုးခြင်း – စိုက်ပျိုးရာတွင်ပျိုးထောင်၍ ရွှေ့ပြောင်း စိုက်ပျိုးခြင်းနှင့်တိုက်ရိုက်ပက်ကြဲစိုက်ပျိုးြ ခင်းဟူ၍ (၂)မျိုး စိုက်ပျိုးနိုင်သည်။ ပျိုးထောင်၍ ရွှေ့ပြောင်းစိုက်ပုံ မှာသစ်သားဗန်းကို အောက်မှ အပေါက်ကလေးများဖောက်ပေးပြီး အုတ်ခဲကျိုးကလေးများကို၁လက်မခန့်အထူရရှိအောင်ထည့်ပေးရမည်။ ထို့နောက်သဲနှင့်မြေဆွေးတစ်ဆစီ ရောစပ်ထည့်ပေးပြီး မျိုးစေ့များကိုအတန်းလိုက်ချပေးပါ။ မျိုးစေ့များ ချပြီးပါက မြေသားနုနုကလေးများ ဖုံးအုပ်ပေးရမည်။ ပျိုးထောင်ရာတွင် အောက်တိုဘာလတွင် ပျိုးထောင်ပြီး ၄၅ရက်၊ အပင်ကလေးများ၃ လက်မခန့်ရှိသောအခါ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ပျိုးပင်ကလေးများ နုတ်ယူရာတွင် အပင်ရှင်သန်မှုရှိစေရန်အမြစ်၌ မြေသား(မြေလုံး)ကပ်၍ပါလာစေ ရန်ဂရုစိုက်ရမည်။ စိုက်ပျိုး ဘောင်ကိုမူအကျယ်(၄)ပေ၊အလျား သင့်တော်သလို၊အမြင့်၁ ပေခွဲခန့်ပြုလုပ်သင့်သည်။ စိုက်ပျိုးသည့်အခါ ပျိုးပင်တစ်ပင်လျှင် နွားချေးလက်တစ်ဆုပ်စာခန့်ထည့်ပေးရမည်။ စိုက်ပျိုးပြီးသောအခါ ရေနိုင်နိုင်လောင်း ပေးရန်လိုအပ်သည်။ စိုက်ပျိုးမည့်မြေမှာ မြေစေးဖြစ်နေပါကသဲ၃၀%၊နွားချေး၊ မြေဆွေး ၄၀% ရော၍ ထည့်ပေး ရမည်။ (ဤပျိုးထောင်စိုက်ပျိုးစနစ်မှာ ဆောင်းရာသီ စိုက်ပျိုးခြင်းနှင့် ခဲမြေများတွင် စိုက်ပျိုးခြင်းတို့ နှင့်သာ သင့်တော်သည်။)

  • စာအုပ်
  • သုတစာပေ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 200 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။