part of pack

ဒေတာအရွယ်အစား 0.55MB

နိုင်သူ့မျက်ရည်

ရေးသားသူမိုးဝေ

0 Ratings
အနှစ်ချုပ်

“ဒီတစ်ပွဲတော့ ကံမလိုက်ဘူးထင်ပါရဲ့နော်”
ကျွန်တော့်နှုတ်မှ ရဲတင်းသွက်လက်စွာပင် ထွက်လာကြသည့် စကားလုံးတွေ
ကလည်း သူမအား ကျွန်တော့်ကို သိသိသာသာကြီး အသိအမှတ်ပြုလိုက်စေပါ၏။
သူမ၏ သန်္တာခဲနှုတ်ခမ်းကလေးတွေမှာ ပြုံးသယောင် မဲ့သလိုလို တွန့်လာကြပါတော့
သည်။
“ဒီကနေ့ ဘယ်ပွဲမှာမှ ကံမကောင်းသေးပါဘူးရှင်”
“အို…ဟုတ်လား၊ တကယ်တော့ မြင်းပွဲကိုလာရင် ကံလိုက်ဖို့တစ်ခုတည်း
ကိုသာ အားထားနေရလို့ မဖြစ်သေးဘူးခင်ဗျာ။ ဒါကို ကျွန်တော်က လက်တွေ့နဲ့
ကောင်းကောင်းကြီး သင်ခန်းစာရထားပြီးဖြစ်တဲ့ လူတစ်ယောက်အနေနဲ့ ပြောပြပါရ
စေနော်”
ဤနေရာမျိုးတွင် အခွင့်အရေးကို ကောင်းကောင်းကြီး ရှာယူတတ်သူပီပီ
ကျွန်တော် စကားစုအဆက်ပြတ်၍ မသွားစေဘဲ လောလောဆယ်ဆယ် အခြေအနေ
တွင် သူမအဖို့ မုချစိတ်ဝင်စားစရာ ဖြစ်နေရမည့် စကားတွေကို ဆိုလိုက်ရလေသည်။
သူမကလည်း ကျွန်တော်က ပါးနပ်စွာ စကားလမ်း ခင်းပေးလိုက်သည့်အတိုင်း မဆိုင်း
မတွပင် ပကတိ ရဲတင်းသွက်လက်စွာနှင့် လိုက်လာခဲ့ပါ၏။
“မြင်းပွဲကိုလာတာ ကံလိုက်ရဖို့ တစ်ခုအပြင် တခြားဘယ်ဟာတွေများ အား
ထားရဦးမှာလဲရှင်”
“အား…အဲဒီဟာ စိတ်ဝင်စားစရာပဲ ခင်ဗျာ…၊ ဒီလို လုပ်ပါလားလေ။ အဲဒီ
ကိစ္စကို ကျွန်တော်တို့နှစ်ယောက် “ရက်စ်တောရင့်”ထဲမှာ တစ်ခုခုသွားသောက်ရင်းနဲ့
အေးအေးဆေးဆေး ဆွေးနွေးကြရင် ကောင်းလိမ့်မယ် ထင်တယ်၊ ကံမလိုက်တဲ့လူကို
ကံလိုက်တဲ့လူက ပြုစုတဲ့အနေနဲ့ ပြုစုရပါစေလား ခင်ဗျ”
ဤတွင်မှာတော့ သူမသည် ကျွန်တော်က တစ်ဆင့်တိုး၍

  • စာအုပ်
  • အချစ်ဝတ္ထု
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1603 စာအုပ်များ)
ဝယ်ယူသည်။ 630 KS
ငှားရမ်းသည်။48 နာရီအတွက် 200 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။