part of pack

ဒေတာအရွယ်အစား 23.13MB

နတ်နဲ့ နဂါး

ရေးသားသူထက်မြတ်နိုင်ဇင်

0 Ratings
အနှစ်ချုပ်

ရွာတစ်ရွာမှာ နတ်ကို ကိုးကွယ်ယုံကြည်လွန်းတဲ့ သာမန်လက်လုပ်လက်စား မုဆိုးမ မိန်းမ ကြီးတစ်ယောက်ရှိတယ်။ သူ့မှာ တပေါင်းနဲ့ နတ်တော်ဆိုပြီး သား နှစ်ယောက်လည်း ရှိတယ်။ သူက နတ်ကို ဘယ်လောက်ထိ ကိုးကွယ် လဲဆိုရင် သားအကြီးဖြစ်တဲ့ တပေါင်းက တောင်ပြုန်းမင်းနှစ်ပါး တပေါင်းလ စစ်ပြန်ပွဲမှာ မွေးလို့ တပေါင်းလို့ နာမည်ပေးတယ်။ သားအငယ် နတ်တော်က မင်းနှစ်ပါး နတ်တော်လ စစ်ထွက်ပွဲမှာ မွေးလို့ နတ်တော်လို့ နာမည်ပေးထားတဲ့ အထိပါပဲ။
သူက ကလေးနှစ်ယောက်ကို ခေါ်ပြီး တောင်ပြုန်းပွဲကို သွား တယ်။ ၆နှစ်အရွယ် တပေါင်းက ပျောက်ကျန်ခဲ့တယ်။ တောင်ပြုန်းကို လာတဲ့ နတ်ကတော်ကြီးတစ်ယောက်က တပေါင်းကို မွေးစားတယ်။ တချိန်ကျတော့ တပေါင်းက မွေးစားနတ်ကတော် ဗောင်းဆောင်းကြီးရဲ့ အမွေကို ဆက်ခံပြီး ဗောင်းဆောင်းဖြစ်လာတယ်။
နတ်တော်ငယ်ငယ်က သူ့အစ်ကိုကြောင့် ရေနွေးပူလောင်တော့ ကျောမှာ နဂါးခေါင်းပုံ အမာရွတ်ကြီးက ဖြစ်ကျန်ခဲ့သေးတယ်။ အဲဒါကြောင့် နတ်တော်ကို ငယ်ငယ်ကတည်းက ဆိုးလွန်းလို့ သူ့နာမည် နတ်တော် ကနေ နဂါးကို တွင်သွားတယ်။
အချုပ်ပြောရမယ်ဆိုရင်တော့ ဗောင်းဆောင်းကြီး မွေးစားသွားတဲ့ တပေါင်းဟာ သူ့ဘဝ၊ သူ့အချစ်၊ သူ့အနာဂတ်ကိုတောင် မငဲ့ကွက်ဘဲ နတ်ကိုးကွယ် ယုံကြည်မှုနဲ့ နတ်အလုပ်တွေမှာပဲ သူ့ဘဝကို မြှုပ်နှံထား ချင်တယ်။ နဂါးကတော့ လောကကြီးမှာ ဘာကိုမှ အကောင်းမမြင်ဘဲ ကံတရားကို မယုံတဲ့ သူ့နေရာက သရုပ်ဖော်ထားတာပါ။

  • စာအုပ်
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1604 စာအုပ်များ)
ဝယ်ယူသည်။ 900 KS
ငှားရမ်းသည်။48 နာရီအတွက် 300 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။