part of pack

Data Size 33.30MB

ဒဏ်မနာသောအချစ်ဝတ္ထုတိုပေါင်းချုပ်

Byတင့်တယ်

0 Ratings
Summary

မတ်တတ်ဂေါ်ရာ
ရှုမဝ-ဟံသာဝတီတို့၌အလီလီသောအနောက်နိုင်ငံအကြောင်းဆောင်းပါးများကို ရေးသားခဲ့ရာတွင်အင်္ဂလန်ကျွန်းသားများကိုဘိုများ၊ မျက်နှာဖြူများ၊အင်္ဂလိပ်များ၊အင်္ဂလန်ပြည်သားများဟူသောစကားလုံးကို သုံးစွဲရေးသားခဲ့၏။သို့နှင့်ဘိလပ်မှနိုင်ငံရင်းသို့အပြန်တွင် မြန်မာ့
လေတပ်မတော်ဓာတ်ပုံရိုက်ပညာတော်သင်ကိုကျော်ဝင်းနှင့်သံလွင်သင်္ဘောပေါ်၌ အတူတကွတစ်လခရီးဆုံစည်းကြသောအခါတွင်မူကား စာရေးသူသုံးနေကျစကားလုံးများထက် ပြောင်သောစကားလုံးတစ်လုံးကို ကိုကျော်ဝင်းထံမှနည်းနိဿယခံယူလိုက်ရပေသည်။ ထိုစကားလုံးမှာကား အင်္ဂလန်ကျွန်းသားအားလုံးတို့ကိုခြံု၍ခေါ်ဆိုရာ၌ များစွာအဓိပ္ပာယ်ပြည့်ဝလှသော “ဂေါ်ရာ” ဆိုသည့် စကားလုံးပင်ဖြစ်လေသည်။ “ဂေါ်ရာ”ဟူသော စကားလုံးမှာ အနောက်ဂေါယာရာကျွန်းမှလာသောလူမျိုးဖြစ်သဖြင့် မြန်မာတို့က “ဂေါ်ရာ”ဟု ခေါ်ကြလေသလားမသိ၊သို့တည်းမဟုတ်၊ ကုလားစစ်သားဂေါ်ရခါးတို့၏လူမျိုးအမည်မှဆင်းသက်ကာ ဂေါ်ရာဆိုသော စကားပေါ်၍လာလေသလားမသိ၊ထိုစကား၏အခြေအမြစ်ကို စကားလုံးအရင်း အမြစ်မှာ ဖွေခြင်းအတတ်တတ်မြောက်သူတို့အတွက် ချန်လှပ် ထားရစ်ပေရတော့မည်။

  • Books
  • Romance
  • Burmese
Subscription Package(read 1659 Books)
Buy 1200 KS
Rent100KS for 48 hours

For easy and offline reading please download the app

Are you sure you want to continue?

You already have this product in My Books

You have already Subscribed to this package