part of pack

ဒေတာအရွယ်အစား 1.36MB

ဒက်ဇယ်လာ

ရေးသားသူနတ်နွယ်

0 Ratings
အနှစ်ချုပ်

အသည်းတထိတ်ထိတ် ရင်တလှပ်လှပ်ဖြစ်ရသော စွန့်စားခန်း ၀တ္ထုပေါင်းများစွာကို ရေးသားခဲ့သော စာရေးဆရာဂျက်လန်ဒန်၏ ဘဝမှာလည်း အသည်း တထိတ်ထိတ် ရင်တလှပ်လှပ် စွန့်စားခန်းများနှင့် ပြည့်ပြွွမ်းနေပါသည်။ ဂျက်လန်ဒန်ကို ၁၈၇၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် မွေးဖွားခဲ့သည်။ သူသည် မြို့တော်၏လမ်းများပေါ်တွင် ပေပေတေတေ ကြမ်းကြမ်းရမ်းရမ်း ကြီးပြင်းခဲ့ရသည်။ ထိုစဉ်က ဆန်ဖရန်စစ္စကိုမြို့ဆိုသည်ကလည်း အင်မတန်စိတ်ဝင်စား
ချောက်ချားဖွယ်ရာဖြစ်သည်။ ၁၇၇၆ ခုနှစ်တွင် မြို့တည်သည်။ ၁၈၄၈ ခုနှစ် ရွှေပွဲတော်ကြီးတွင် အံသြဖွယ်ရာ ကောင်းလောက်အောင် ကြီးထွားစည်ကားလာသည်။ အနယ်နယ်အရပ်ရပ်မှ စွန့်စားသူများရောက်ရှိလာကြ သည်။ လူဦးရေအဆမတန်များပြားလာသည်။ အီတလီရပ်ကွက်၊ စပိန် ရပ်ကွက်နှင့် တရုတ်တန်း ဆိုသည်တို့ ဖြစ်ပေါ်လာသည်။ ထိုအခါ ဆန်ဖရန်စစ္စကိုမြို့ပေါ်မှ လူငယ်လူရွယ်အားလုံးသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်
နိုင်ရန် ကြိုးစားကြသည်။ ကိုယ့်လက်သီးကိုယ် အားကိုးကြရသည်။ ထိုခေတ်က ကျောင်းသားများသည် တစ်ယောက်နှင့်တစ်ယောက်ရန် မဖြစ်ဖူးသူဟူ၍ မရှိချေ။
ဂျက်လန်ဒန်သည် အပစ်အခတ်ဝါသနာထုံသည်။ ပင်လယ်ပြင်စွန့်စားခြင်းကို နှစ်သက်မက်မောသည်။ သူသည် သင်္ဘောဆိပ်ခံတံတားများတွင် လှည့်လည်ကျက်စားပြီး ရရာအလုပ်ကို လုပ်ကိုင်လေ့ရှိသည်။ သင်္ဘောသား
များက သူ့ကို ကြမ်းတိုက်ခိုင်းသည်။ ရွက်တိုင်ထိပ်ဖျားသို့ သက်စွန့်ဆံဖျား တက်ခိုင်းသည်။ သူတို့နှင့်အတူ ပင်လယ်ထဲသို့ ခေါ်သွားသည်။ သင်္ဘောသား ပညာကို သင်ကြားပေးသည်။ သူတို့ထံမှ မဖြစ်စလောက်သော
အခကြေးငွေကို သူ ရရှိသည်။ တိုလီမိုလီလုပ်၍ရသော ပိုက်ဆံများအားလုံးလောက်ကိုပင် သူ့အမေကို အပ်ရသည်။ သို့သော် သည်ကြားထဲကပင် ဂျက်လန်ဒန်သည် ပိုက်ဆံ စုပြီး တစ်ပတ်ရစ် လှေကလေးတစ်စင်းကို ၀ယ်ယူသည်။ စု၍ရသော ပိုက်ဆံဖြင့် ထိုလှေကလေးကို ဆေးသုတ်သည်။ ရွက်ဝယ်သည်။ တက်ဝယ်သည်။
ထို့နောက် ရေတက်ရေကျများတွင် လိုက်ပါပြီး ငါးမျှားသည်။

  • စာအုပ်
  • အက်ရှင်၊ စွန့်စားခန်း နှင့် ထိတ်လန့်ဖွယ်ရာ
  • မြန်မာ
ဝန်ဆောင်မှုအစီအစဉ်(ဖတ်သည်။ 1520 စာအုပ်များ)
ဝယ်ယူသည်။ 500 KS
ငှားရမ်းသည်။48 နာရီအတွက် 100 KS

ဒေတာပိတ်ထားပြီး စာဖတ်ရန်အတွက် ကျေးဇူးပြု၍ app ကိုဒေါင်းလုဒ်ဆွဲပါ။

ဆက်လက်လုပ်ဆောင်ရန်သေချာပါသလား။

ဤဟာသည် ကျွန်ုပ်၏စာအုပ်များ အောက်တွင်ရှိပြီးသားဖြစ်သည်။

ဝန်ဆောင်မှုအားရယူထားပြီးပါပြီ။